Published 15 April 2024

AI နည်းပညာဖြင့် ရင်သားကင်ဆာရှိတဲ့ လူနာတွေမှာ စောစီးစွာ ရောဂါတွေ့ရှိနိုင်ပြီး လာမယ့် ၂ နှစ်အတွင်း ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ဘေလင်ဆန်ဆေးရုံက iCAD ရဲ့ လူလုပ်အသိဉာဏ် နည်းပညာများကို အသုံးပြုကာ ရင်သားဓာတ်မှန်ပေါင်း ၁ သောင်းခွဲကျော်ကို လေ့လာခဲ့ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ထိုပညာဖြင့် ယခင်က ရှာမတွေ့ခဲ့တဲ့ အကျိတ်များကို တွေ့ရှိနိုင်ကာ ရောဂါရှာဖွေနိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး ရင်သားကင်ဆာကို စောစီးစွာတွေ့ရှိခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

တစ်ရှူးတွေထဲ ဓာတ်မှန်ရိုက်ကြည့်ပြီး လာမယ့် ၂ နှစ်အတွင်း ကင်ဆာအကျိတ် ဖြစ်နိုင်ခြေကို သုံးသပ်ပေးနိုင်ပါတယ်။

ထိုစနစ်ကို ကလဲလစ်ကျန်းမာရေး ကွန်ရက်ကြီးမှာ အသုံးပြုနေပြီဖြစ်ပြီး အမေရိကန် FDAကလည်း အသိအမှတ် ပြုထားပြီးဖြစ်ပါတယ်။

ထိုအစီအစဥ် စတင်ကတည်းက ဘေလင်ဆန်မှ ဓာတ်မှန်ပေါင်း ၁ သောင်းခွဲကျော်ကို ကူညီပေးထားပါတယ်။

Source: The Jerusalem Post