Published 08 April 2024

အသီးအနှံနဲ့ အရွက်များကို ရောစပ်သောက်သုံးခြင်းက နေမကောင်းဖြစ်တဲ့အခါ ကိုယ်ခံအားကို ထောက်ပံ့ပေးနိုင်ပါတယ်။

လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်များ ရှိမှသာ ခွန်အားရှိနေစေပြီး ကိုယ်ခံအားက အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။

ဘယ်လိုဖျော်ရည်တွေက ကိုယ်ခံအားကို အထောက်အကူပြုလဲဆိုတော့ …
 
(၁) လိမ္မော်သီး၊ ကျွဲကောသီးနှင့် အချဥ်သီးများ
ယင်းအသီးတွေမှာ အဓိကပါဝင်တဲ့ ဗိုက်တာမင်စီက ဆဲလ်များထိခိုက်ခြင်းမှ ကာကွယ်ပေးပြီး ချို့တဲ့ပါက ရောဂါတွေကို ကာကွယ်နိုင်စွမ်း မရှိတော့ပါဘူး။
 
(၂) ပန်းသီးစိမ်း၊ မုန်လာဥနီနှင့် လိမ္မော်သီး
ထိုအသီးတွေကို ပေါင်းစပ်သောက်သုံးပါက ရောဂါကူးစက်မှုများကို တိုက်ဖျက်ပေးနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဘီတာကယ်ရိုတင်းလည်း ရရှိစေပါတယ်။
 
(၃) သကြားမုန်လာ၊ မုန်လာဥနီ၊ ဂျင်းနှင့်ပန်းသီး
ထိုဖျော်ရည်က ကိုယ်ခံအားစနစ်ကို ကူညီပေးကာ ရောင်ရမ်းခြင်းကို သက်သာစေပြီး ရောဂါပိုးကူးစက်မှုများကို ကာကွယ်ပေးပါတယ်။
 
(၄) ခရမ်းချဥ်သီး
အခြားပါဝင်ပစ္စည်းများ မထည့်ဘဲ လတ်ဆတ်တဲ့ ခရမ်းချဥ်သီးဖျော်ရည် သောက်သုံးခြင်းက အကောင်းဆုံးဖြစ်ပြီး ပါဝင်တဲ့ ဖောလိတ်က ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပါတယ်။
 
(၅) ကိုက်လံ၊ ခရမ်းချဥ်သီးနှင့် တရုတ်နံနံ
ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတဲ့ အစွမ်းသတ္တိရှိကာ ကြိတ်ပြီးသောက်သုံးခြင်းဖြင့် အာရုံကြောတွေကို နိုးထစေပါတယ်။
 
(၆) စတော်ဘယ်ရီနှင့် ကီဝီ
ထိုအသီးတွေက ဗိုက်တာမင်စီ အလွန်ကြွယ်ဝတဲ့အပြင် နို့နှင့်ရောစပ်ပါက ဗိုက်တာမင်ဒီပါ ရရှိကာ တုပ်ကွေးလိုမျိုး ရောဂါများကို ကာကွယ်ပေးပါတယ်။
 
(၇) စတော်ဘယ်ရီနှင့် သရက်သီး
သရက်သီးနဲ့ ဗာဒံစေ့မှရတဲ့ ဗိုက်တာမင်အီးဟာ ဓာတ်တိုးဆန့်ကျင်အာနိသင် ပေးစွမ်းပြီး ကိုယ်ခံအားကို ထောက်ပံ့ပေးပါတယ်။
 
(၈) ဖရဲသီးပူရှိန်း
ဖရဲသီးမှာပါဝင်တဲ့ ဗိုက်တာမင်စီနဲ့ အာဂျင်နင်းဓာတ်က ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
 
(၉) ဖရုံစေ့
ဇင့်ဓာတ်ကြွယ်ဝတာကြောင့် ရောင်ရမ်းခြင်းကို ဆန့်ကျင်ခြင်းနဲ့ ကိုယ်ခံအားစနစ်တို့အပေါ် ကူညီပေးပါတယ်။
 
(၁၀) ပန်းသီးစိမ်း၊ ကိုက်လံ၊ ဆလတ်ရွက်
အဆိုပါ ဟင်းရွက်ဖျော်ရည်ကတော့ အာဟာရဓာတ် များစွာပါဝင်ပြီး ကိုယ်ခံအားမြှင့်တင်ပေးပါတယ်။
 
တစ်ကိုယ်ရည်သန့်ရှင်းစွာ နေထိုင်ခြင်း၊ ရေဓာတ်ထိန်းသိမ်းခြင်း၊ ကောင်းစွာအိပ်စက်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့်လည်း ကိုယ်ခံအားကောင်းမွန်အောင် ပြုလုပ်နိုင်ပါတယ်။
Source: Healthline.
#World_Health
#Published_ 08 April 2024
#YMG_News #Yangon_Times #Yangon_Media_Group