Published 08 April 2024

အတိတ်က စိတ်ထိခိုက်မှုကနေ နောက်ဆက်တွဲခံစားရတဲ့ ဝေဒနာ(PTSD)ကြောင့် ဖြစ်လာနိုင်တဲ့ နောက်ကြောင်းပြန် ခံစားရမှုကို ခွေးတွေအနံ့ခံနိုင်အောင် လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း သုတေသနအသစ်မှာ ဆိုထားပါတယ်။

လူသားတွေ ယခင်က တွေ့ကြုံခဲ့ဖူးတဲ့ ထိခိုက်ခံစားမှုများ ပါဝင်နေတဲ့ လေရှူထုတ်ခြင်းမှ အနံ့အသက်ကို ခွေးတွေသိရှိအောင် သိပ္ပံပညာရှင်များ လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။

တွေ့ရှိချက်များကို အသုံးပြုပြီး PTSD အထောက်အကူပြု ခွေးတွေကို ပိုမိုထိရောက်မှုရှိအောင် ပြုလုပ်နိုင်တယ်လို့ သိပ္ပံပညာရှင်များ ဆိုပါတယ်။

PTSD ဝေဒနာဆိုတာက ထိတ်လန့်ခြင်း ဒါမှမဟုတ် စိတ်ဖိစီးခြင်းဖြစ်စေတဲ့ အဖြစ်အပျက်များကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး အတိတ်က ထိုဖြစ်ရပ်တွေ အိပ်မက်ဆိုးတွေ ခြောက်လှန့်ခြင်းကို ခံစားကြရပါတယ်။

လူသားတွေရဲ့ အနံ့တွေမှာ အငွေ့ပျံအော်ဂဲနစ်ဒြပ်ပေါင်း (VOC)ဖြင့် ဖွဲ့စည်းထားကာ ခန္ဓာကိုယ်ကနေ အမျိုးမျိုးပုံစံဖြင့် ထွက်ရှိစေပါတယ်။

လူ ၂၆ ယောက်ဖြင့် စမ်းသပ်ခဲ့ကာ လူတဝက်ခန့်က PTSD ဝေဒနာလိုအပ်ချက်များနဲ့ ကိုက်ညီခဲ့ပါတယ်။

စမ်းသပ်ခံလူတွေကို နှာခေါင်းစည်းထဲသို့ လေရှူထုတ်ခိုင်းပြီး တစ်ချိန်တည်းမှာပဲ ယခင်က ဖြစ်ရပ်ဆိုးတွေကို စဥ်းစားခိုင်းခဲ့ပါတယ်။

အနံ့ခံခိုင်းဖို့အတွက် ခွေး ၂၅ ကောင်ကို ခေါ်ယူစမ်းသပ်ကာ အိုင်ဗီနဲ့ ကယ်လီဆိုတဲ့ ၂ ကောင်သာ စမ်းသပ်ချက်များကို ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

နှာခေါင်းစည်းများမှ အနံ့တွေကို ခွေးတွေမှတ်မိအောင် သုတေသီများက လေ့ကျင့်ပေးကြပါတယ်။

ထိုအခါမှာ စိတ်ဖိစီးမှုရှိနေတဲ့ နှာခေါင်းစည်းနမူနာများနဲ့ စိတ်ဖိစီးမှုမရှိတဲ့ နမူနာများကို ခွဲခြားသိရှိခဲ့ကြပါတယ်။

အိုင်ဗီက ၇၄ ရာခိုင်နှုန်း တိကျမှုရှိပြီး စိုးရိမ်ပူပန်စိတ်နဲ့ ပတ်သက်လို့ အနံ့ခံသိရှိကာ ကယ်လီကတော့ ၈၁ ရာခိုင်နှုန်းရှိပြီး ရှက်ရွံ့စိတ်ကို သိရှိတာဖြစ်ပါတယ်။
Source: WION.
#World_Science
#Published_ 08 April 2024
#YMG_News #Yangon_Times #Yangon_Media_Group