၁၁ မတ် ၂၀၂၄

ဩစတြေလျနိုင်ငံ ပြည်တွင်းခရီးစဉ်ပျံသန်းတဲ့ လေယာဉ်တစ်စီးဟာ ပျံသန်းနေရင်း နည်းပညာပြဿနာကြောင့် ပြင်းထန်လှတဲ့ ရွေ့လျားမှုကြီး တစ်ခုဖြစ်ပေါ်ခဲ့ပြီးနောက်  ခရီးသည်တွေ ရုတ်တရက်ကြီး လွင့်စဉ်ကုန်တဲ့အတွက် ဆင်းသက်အပြီးမှာ ခရီးသည် ၅၀ ဦးကို အရေးပေါ်လူနာတင်ယာဉ်တွေက ပြုစုစောင့်ရှောက်လိုက်ရပြီး ကျန်ခရီးသည်  ၁၃ ဦးကိုတော့ ဆေးရုံပို့ဆောင်လိုက်  ရပါတယ်။

ဟတိုးဟုန်းစိန့်ဂျွန်းအရေးပေါ်လူနာတင်ယာဉ်အဖွဲ့က“သူတို့အဖွဲ့ဟာ အောက်ကလန်နိုင်ငံတကာလေဆိပ်မှာပြည်တွင်းခရီး   သည်တင်လေယာဉ်တစ်စီး မတော်တဆမှုတစ်ခုရှိတယ်လို့ တနင်္လာနေ့ ညနေ ၃ နာရီ ၅၈ မိနစ်မှာ သိရှိရပြီး သွားရောက်ကူ   ညီ  ခဲ့တယ်” လို့ပြောပါတယ်။

အဲဒါကြောင့် အရေးပေါ်လူနာတင်ယာဉ် (၅)စီး၊ အကြီးစားမတော်တဆမှု ကူညီထောက်ပံ့ရေးအဖွဲ့ကားတစ်စီးနှင့် လျင်မြန် တုန့်ပြန်ယာဉ်(၂)စီးတို့ဟာ အကြီးတန်းအရာရှိများနှင့်အတူ  လေဆိပ်ကို စေလွှတ်ခြင်းခံခဲ့ရပါတယ်။

အရေးပေါ်စောင့်ရှောက်ရေးသမားတွေဟာ လူနာ ၅၀ခန့်ကို ကုသမှုတွေပေးခဲ့ရပါတယ်။ တစ်ဦးကတော့ ပြင်းထန်တဲ့ အခြေ  အနေမှာရှိပြီး အများစုကတော့ အတန်အသင့်နှင့်အနည်းငယ်ဒဏ်ရာရရှိကြသူတွေဖြစ်ပါတယ်။ ခရီးသည် ၁၃ ဦးကိုတော့ မစ်ဒဲလ်မိုး ဆေးရုံကြီးကို လူနာတင်ယာဉ်နှင့်ပို့ဆောင်ပေးခဲ့ရပါတယ်။

လေယာဉ်ဟာ ရုတ်တရက်ကြီး ကောင်းကင်ပေါ်က ပြုတ်ကျသွားတာလို့ ခရီးသည်တစ်ဦးကပြောပါတယ်။ သုံးနာရီကြာခရီးမှာ လေယာဉ်က နှစ်နာရီခန့်ပျံသန်းအပြီး ယခုလိုဖြစ်ခဲ့တာပါ။ ခရီးသည်တွေဟာ ထိုင်ခုံပေါ်ကနေ ဆွဲလွှင့်ပစ်ခံရသလို လွင့်ထွက် ကုန်ပြီး အချို့ဆို လေယာဉ်မျက်နှာကျက်နှင့် သွားရိုက်မိကြပါတယ်လို့အဆိုပါ ခရီးသည်ကပြောပါတယ်။

“ လေယာဉ်တစ်စီးလုံး အော်ဟစ်ငိုယိုကုန်ကြတယ်။ အဲဒီနောက် လေယာဉ်ဟာ နိမ့်ဆင်းလာတယ်။ကျွန်တော်တို့တော့ပြီး   သွားပြီလို့ ကျွန်တော်တွေးမိနေလိုက်တယ်” လို့ ခရီးသည် ဘရီယန်ဂျိုကက်က ပြည်တွင်းမီဒီယာ တစ်ခုကိုပြောပါတယ်။

နောက်တစ်ဦးကလည်း လေယာဉ်ဟာ လေထဲမှာ ပြုတ်ကျသွားတာလို့ပြောပါတယ်။ လူတွေထိခိုက်ဒဏ်ရာရကြတယ်။ ခရီး  သည် တော်တော်များများက အဲဒီအချိန် ထိုင်ခုံခါးပတ် ပတ်မထားကြဘူး” လို့ သူကဆက်ပြောပါတယ်။

လူတွေက အတော့်ကို တုန်လှုပ်သွားကြတယ် လို့သူကပြောပါတယ်။

အဆိုပါလေယာဉ်ဟာ လက်တမ်လေကြောင်းလိုင်းပိုင်လေယာဉ်ဖြစ်ပြီး ဆစ်ဒနေမှ အောက်ကလန်သို့ ပျံသန်းစဉ် ပြင်းထန်တဲ့ ရွေ့လျားမှုဖြစ်ပေါ်စေတဲ့ “ နည်းပညာ ပြဿနာ” နှင့်ကြုံတွေ့ရတာဖြစ်ကြောင်း  တောင်အမေရိကန်လေကြောင်းလိုင်းတစ်ခု ဖြစ်တဲ့ လက်တမ်လေကြောင်းက သတင်းထုတ်ပြန်ပါတယ်။

“လက်တမ်အနေနှင့် ခရီးသည်တွေ အဆင်မပြေမှုတွေနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုတွေအတွက် ဝမ်းနည်းပါတယ်။ လေကြောင်းလိုင်းရဲ့ပျံသန်းမှုဆိုင်ရ စံချိန်စံညွှန်းမူဘောင်များအတွင်းမှာ ဘေးကင်းလုံခြုံရေးကို ဦးစားပေးအဖြစ်ထားရှိတာကို လည်း ထပ်လောင်ကတိပြုပါတယ်” လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Source: The Guardian