#WorldNews

Published  -  29 Nov 2021

ကာရစ်ဘီယန်ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဘာဘာဒိုးစ်ဟာ ကမ္ဘာပေါ်မှာ အသစ်လွင်ဆုံး သမ္မတနိုင်ငံတစ်ခုအဖြစ် နိုဝင်ဘာ ၂၉ရက် တနင်္လာနေ့မှာ ဖြစ်တည်လာပါပြီ။ သူတို့ဟာ အဲလီဇဘက်-၂ ဘုရင်မကြီးကို နိုင်ငံ့ခေါင်းဆောင်အဖြစ်ကနေ ဖယ်ထုတ်လိုက်ကြပြီးနောက် သမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။