Published: 28 November 2021

မဲလ်ဘုန်း-ဩစတြေလျက ဆိုရှယ်မီဒီယာတွေမှာ အသရေဖျက်တဲ့ comments တွေကို ရေးတဲ့သူတွေနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အဲဒီလုပ်ငန်းကြီးတွေက ထုတ်ပေးရမယ့် ဥပဒေတစ်ခုကို ပြဋ္ဌာန်းတော့မယ်လို့ ဩစတြေလျ ဝန်ကြီးချုပ် စကော့မောရစ်ဆန်က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

တွစ်တာနှင့်ဖေ့စ်ဘုတ်အစရှိတဲ့ ပလက်ဖောင်းတွေရဲ့ သူတို့ပလက်ဖောင်းပေါ်က အသရေဖျက်မှုအကြောင်းအရာတွေနှင့်ပတ်သက်လို့ တာဝန်ယူမှုအတိုင်းအတာကို ဩစတြေလျအစိုးရက ကြည့်ရှုလေ့လာနေပါတယ်။ အွန်လိုင်းဖိုရမ်တွေက အများပြည်သူ comments တွေနှင့်ပတ်သက်ပြီး publisherတွေဟာ ဥပဒေအရ တာဝန်ရှိနိုင်တယ်လို့ ဩစတြေလျရဲ့ အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်ချက်ချမှတ်အပြီး ဝန်ကြီးချုပ်ရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကြောင့်  စီအင်န်အင်န်တို့လို့ အချို့သတင်းကုမ္ပဏီတွေအနေနှင့် သူတို့ရဲ့ဖေ့စ်ဘုတ်ခ်စာမျက်နှာတွေကို ဩစတြေလျ နိုင်ငံသားတွေ ဝင်ရောက်ကြည့်ရှုခွင့်မပေးတော့မယ့် အခြေအနေရောက်လာနေပါတယ်။

“ တစ်စောက်ကန်း တစ်ယူသန်တွေ ဟိုသည် လှည့်လည်သွားလာပြီး လူတွေကို ဒုက္ခပေးနေတာမျိုးတွေလုပ်တဲ့ အရိုင်းအနောက်ကမ္ဘာခေတ်wild west ကလိုမျိုး အွန်လိုင်းကမ္ဘာက မဖြစ်သင့်ဘူး”လို့ မောရစ်ဆန်က ရုပ်သံကနေ တစ်ဆင့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

“ အပြင်ဘက် တကယ့်ကမ္ဘာမှာလုပ်လို့မရနိုင်တဲ့ ဒီအလုပ်တွေကို ဒစ်ဂျစ်တယ် ကမ္ဘာမှာ လုပ်လို့ရနိုင်စရာ အကြောင်းကိုမရှိဘူး” လို့သူကပြောပါတယ်။

ဥပဒေအသစ်အရ တိုင်တန်းတဲ့ ယန္တရားတစ်ခုကို တည်ထောင်မှာဖြစ်ပါတယ်။ တစ်ယောက်ယောက်က ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ အသရေဖျက်ခံရတယ်၊အနိုင်ကျင့်ခရတယ်၊တိုက်ခိုက်ခံရတယ်လို့ထင်ရင် အဲဒါတွေကိုဖြုတ်ချပေးဖို့ ပလက်ဖောင်းတွေကို သူတို့ကတောင်းဆိုနိုင်တော့မှာဖြစ်ပါတယ်။

တကယ်လို့ဖြုတ်ချမပေးဘူးဆိုရင် တရားရုံးလုပ်ငန်းစဉ်တစ်ခုက အဲဒီဆိုရှယ်ပလက်ဖောင်းက comment ရေးသူရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပေးဖို့ အတင်းအကြပ်ဆောင်ရွက်ခိုင်းမှာဖြစ်ပါတယ်။

“ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေ-အွန်လိုင်းကုမ္ပဏီတွေဟာ  အဲဒီအကြောင်းအရာတွေကိုဖြုတ်ချနိုင်မယ့် သင့်တော်တဲ့ နည်းလမ်းစဉ်တစ်ခု သူတို့ဆီမှာ ရှိကိုရှိရမယ်” လို့ မော်ရစ်ဆန်ကပြောပါတယ်။
“သူတို့က နေရတစ်ခုကိုဖန်တီးခဲ့တယ်။အဲဒီနေရာကို ဘေးကင်းလုံခြုံအောင်သူတို့လုပ်ဖို့လိုအပ်တယ်။ သူတို့မလုပ်ဘူးဆိုရင် ကျွန်တော်တို့က ဒီလိုဥပဒေတွေနှင့် သူတို့ကိုလုပ်ရလိမ့်မယ်” လို့သူကပြောပါတယ်။

Source: Reuters