Published 21 February 2024

အမြောက်အများ စားသောက်ခြင်းနည်းလမ်းက လတ်တလော ရေပန်းစားနေတဲ့ စားသောက်နည်းလမ်း တစ်မျိုးဖြစ်ပြီး ကယ်လိုရီနည်းပါးတဲ့ အစားအစာတွေ အများအပြား စားသောက်ကာ ဗိုက်ပြည့်ဝနေစေပြီး ကယ်လိုရီ လျော့နည်းစေတာ ဖြစ်ပါတယ်။

အစားအစာ ပိုမိုစားသောက်ပေမယ့် ကယ်လိုရီကတော့ နည်းပါးနေတာ ဖြစ်ပါတယ်။

ထိုထဲမှာမှ အများအပြား စားနိုင်တဲ့ အစားအစာတွေကတော့ အမျှင်ဓာတ်နဲ့ ရေဓာတ်များပြားတဲ့ ဖရဲသီး၊ ဆလတ်ရွက်၊ ကျောက်ဖရုံ၊ ရှောက်သီး၊ ဟင်းနုနွယ်၊ ကြက်ဥအကာ၊ သခွားသီး၊ တရုတ်နံနံ၊ အုတ်စပါး၊ ပန်းသီး၊ ဘယ်ရီသီးတို့ ဖြစ်ပါတယ်။

အဆီအနှစ်များ၊ သစ်သီးခြောက်၊ ပျားရည်၊ သကာရည်၊ ချိစ်၊ အခွံမာသီး၊ မြေပဲထောပတ်တို့ကိုတော့ သင့်တင့်ရုံ စားသင့်ပါတယ်။

အမြောက်အများ စားခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ဆိုတာက စီစဥ်တွက်ချက်စားဖို့ လိုပါတယ်။

ကိုယ်အလေးချိန်ချရာမှာ အခက်အခဲတစ်ခုက စားသောက်ပြီးနောက် မဝသေးဘူးလို့ ခံစားရတာပါပဲ။

အမျှင်ဓာတ်တွေ၊ ဗိုက်တာမင်တွေ၊ သတ္တုဓာတ်တွေ ပြည့်ဝတဲ့ အစားအစာတွေဟာ ဗိုက်ထဲမှာ နေရာပိုယူပြီး ပြည့်ဝနေစေတယ်လို့ ခံစားရစေပါတယ်။

အာဟာရဓာတ်တွေ ယခင်ကထက် ပိုမိုရရှိဖို့ကလည်း ထိုနည်းလမ်းက အသုံးဝင်နိုင်ပါတယ်။

ဒီလိုအစားအစာများ စားသုံးခြင်းဖြင့် ကယ်လိုရီများတဲ့ အစားအစာတွေ စားဖို့ဆန္ဒလျော့နည်းသွားပါတယ်။

အာဟာရဓာတ် လိုအပ်ချက်တွေ ပြည့်မီအောင်စားသုံးရင်တော့ ထိုနည်းလမ်းက အကျိုးရှိစေနိုင်ပါတယ်။

အမြောက်အများ စားသောက်ခြင်းနည်းလမ်း ဆိုပေမယ့် အာဟာရတန်ဖိုးရှိအောင် စားသောက်ဖို့ကလည်း အရေးကြီးပါတယ်။

ဥပမာအားဖြင့် ကယ်လိုရီမပါတဲ့ ကိုလာဆိုရင် ကယ်လိုရီမပါဘူးဆိုပေမယ့် အာဟာရတန်ဖိုးလည်း မရှိပါဘူး။

လိမ္မော်ရည်ဆိုရင် ကယ်လိုရီမပါတဲ့ ကိုလာထက် ကယ်လိုရီများပေမယ့် ဗိုက်တာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ပိုမိုသင့်လျော်ပါတယ်။

ဒါပေမဲ့ ဒီလိုမျိုး အမြောက်အများ စားသောက်ခြင်းဟာ ရင်ပြည့်စေကာ အစာမကြေခြင်းမျိုး ဖြစ်နိုင်ပါတယ်။

အခြားအစားအစာတွေကို လုံးဝရှောင်ကြဥ်တာမျိုးလည်း ပြုလုပ်စရာ မလိုပါဘူး။

ထိုနည်းလမ်းကနေ အာဟာရမပြည့်ဝတဲ့ ပုံစံမျိုးမဖြစ်အောင်လည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။  
Source: New York Post.
#World_Health
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group