Published 13 July 2021

တရုတ်နိုင်ငံ၊ ရှုဇောင်းမြို့မှာရှိတဲ့ ဟိုတယ်တစ်လုံးရဲ့ အစိတ်အပိုင်း တနင်္လာနေ့မှာ ပြိုကျတဲ့အတွက် အနည်းဆုံးလူ(၈)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေက အင်္ဂါနေ့မှာ ပျောက်ဆုံးနေတဲ့ လူ၈ဦးကို  အပျက်အစီးတွေကြားမှာ ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ ဆင်ဝှာသတင်းဌာနက သတင်းပေးပို့ပါတယ်။

တစ်စိတ်တစ်ပိုင်း ပြိုကျသွားတဲ့ ဆီဂျီခိုင်ယွမ်ဟိုတယ်ဟာ ကမ်းခြေမြို့  ရှုဇောင်းမှာတည်ရှိတာဖြစ်ပြီး အရေးပေါ်  စီမံခန့်ခွဲရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးလုပ်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ သတင်းကဆိုပါတယ်။

အဲဒီဟိုတယ်ကို ၂၀၁၈ခုနှစ်ကမှ ဖွင့်လှစ်ခဲ့တာပါ။  ပြိုကျတဲ့အပိုင်းက သုံးထပ်မြင့်တဲ့အပိုင်း ဖြစ်ပါတယ်။ ဟိုတယ်မှာ အခန်းပေါင်း၅၄ခန်း ရှိတယ်လို့ ဆင်ဝှာက ရေးသားပါတယ်။