Published 13 July 2021

အီရတ်နိုင်ငံတောင်ပိုင်း နာသီရိယမြို့မှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကုသရေးဆေးရုံမှာ ဇူလိုင်၁၂ရက်နေ့က အောက်ဆီဂျင်အိုးပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံးလူ(၄၄)ဦးသေဆုံးပြီး (၆၇)ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်ကယ်ဆယ်ရေးသမားတွေဟာ မီးခိုးငွေ့တွေတူးချစ်နေတဲ့ အဆောက်အအုံထဲမှာ သေဆုံးသူတွေကိုပိုက်စိတ်တိုက်ရှာဖွေနေပါတယ်။

အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်လ်ခက်ဒီမီက သူ့ရဲ့အကြီးတန်းဝန်ကြီးတွေနှင့် အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး  နာသီရိယမြို့ရဲ့ ကျန်းမာရေးနှင့်ပြည်သူ့ကာကွယ်ရေးမန်နေဂျာတွေကို ဖမ်းဆီးမိန့်ပေးလိုက်တယ်လို့ ဝန်ကြီးချုပ်ရုံးကသတင်းထုတ်ပြန်ပါတယ်။ဆေးရုံမန်နေဂျာကိုရာထူးချလိုက်ပြီး ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

အီရတ်နိုင်ငံမှာ စစ်ပွဲတွေနှင့်အရေးယူပိတ်ဆိုံမှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးဟာ ကိုရိုနာဗိုင်းရပ်စ်အကြပ် အတည်းကြီးနှင့် အတော်ရုန်းကန်နေရတာဖြစ်ပါတယ်။ကိုရိုနာဗိုင်းရပစ်ကြောင့် အီရတ်မှာ လူ၁.၄သန်းကျော်ကူးစက်ခဲ့ပြီး လူပေါင်း ၁၇၅၉၂ဦးသေဆုံးခဲ့ပြီးပါပြီ။

ကျန်းမာရေးဝန်ထမ်းတွေက မီးလောင်ကျွမ်းနေတဲ့ အလောင်းတွေကို သယ်ထုတ်နေပြီး လူနာတော်တော်များများဟာ မီးခိုးငွေ့တွေမွှန်ပြီး ချောင်းတွေဆိုးနေကြတယ်လို့ အဲဒီနေရာကိုရောက်ရှိနေတဲ့ ရိုက်တာသတင်းထောက်ကပြောပါတယ်။

အဲဒီ အယ်လ်ဟူစိန်ကိုရိုနာဗိုင်းရပ်စ်ကုသရေးဆေးရုံကို ရှာဖွေမှုလုပ်ငန်းတွေပြီးသွားရင် ဆက်ဖွင့်မယ်လို့ ကျန်းမာရေး အရာရှိတွေကပြောပါတယ်။

“ လူနာဆောင်တွေထဲက ပေါက်ကွဲသံအကြီးကြီး ကျွန်တော်ကြားလိုက်တယ်။ မီးကချက်ခြင်းကြီးလောင်ကျွမ်းကူးစက် တော့တာပဲ” လို့ ဒဏ်ရာရလူနာတွေကို ကူညီသယ်ပေးနေတဲ့ ဆေးရုံလုံခြုံရေးအလီမူဆင်းကပြောပါတယ်။

ဧပြီတုန်းကလည်း ဘက်ဂဒက်မြို့က ကိုဗစ်ဆေးရုံမှာ အောက်ဆီဂျင်အိုးပေါက်ကွဲပြီးမီးလောင်ခဲ့လို့ လူပေါင်း၈၂ဦးအနည်းဆုံးသေဆု့းခဲ့ပြီး ၁၁၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

Ref: Reuters