#World_Discovery
Published 18 February 2024


နှစ်ပေါင်း ၁၇၀၀ သက်တမ်းရှိပြီလို့ ခန့်မှန်းရပြီး အတွင်းထဲမှာ အရည်ရှိနေသေးတဲ့ ကမ္ဘာ့ပထမဆုံးကြက်ဥကို သိပ္ပံပညာရှင်များက အကောင်းအတိုင်း တွေ့ရှိခဲ့ကြပါတယ်။

 

၂၀၀၇ ခုနှစ်မှ ၂၀၁၆ အတွင်း ဘက်ကင်ဂမ်ရှိုင်းယား အိုင်းစ်ဘူရီမှာ တူးဖော်မှုပြုလုပ်ခဲ့စဥ် ထိုကြက်ဥကို သိပ္ပံပညာရှင်များ တွေ့ခဲ့ကြတာဖြစ်ပြီး အလွန်ထူးခြားတဲ့ တွေ့ရှိမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

တူးဖော်မှုပြုလုပ်စဥ် ရှေးဟောင်းတူးဖော်ရေး သုတေသီများကြောင့် ကြက်ဥ ၃ ဥကွဲသွားခဲ့ပြီး အနံ့ဆိုးတွေ ထွက်လာပေမယ့် စတုတ္ထမြောက်ဥကတော့ အကောင်းအတိုင်း ရရှိခဲ့ပါတယ်။

 

အဏုကြည့်ဓာတ်မှန်ဖြင့် ကြည့်ရှုခဲ့ရာမှာ ထိုကြက်ဥမှာ အနှစ် အကာတွေပြည့်နေသေးတယ်လို့ တွေ့ရှိခဲ့ပြီး ထိုအချိန်က အကောင်းအတိုင်း ရှင်ကျန်ခဲ့တဲ့ တစ်ခုတည်းသာဥ ဖြစ်နေပါတယ်။

 

ကြက်ဥတွေ ယိုစိမ့်နေမယ်လို့ ထင်ထားခဲ့ပေမယ့် အထဲမှာ အကောင်းအတိုင်း တွေ့လိုက်ရတာကြောင့် အလွန်အံ့အားသင့်ခဲ့ကြတယ်လို့ တူးဖော်ရေးကို ကြီးကြပ်တဲ့ အောက်စ်ဖို့ဒ် ရှေးဟောင်းသုတေသန စီမံကိန်းအကြီးတန်း မန်နေဂျာ အက်ဒ်ဝါ့ဒ်ဘစ်ဒဲ့လ်ပ်က ဆိုပါတယ်။

 

ကြက်ဥကို လန်ဒန်သဘာဝသမိုင်းပြတိုက်သို့ ယူဆောင်သွားကာ ငှက်တွေ ဥတွေစုဆောင်းတဲ့ ပြတိုက်မှပညာရှင်နဲ့ တိုင်ပင်ပြီး ကြက်ဥကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းများနဲ့ အထဲကအရည်တွေကို ဖယ်ရှားမယ့် နည်းလမ်းတွေကို တိုင်ပင်ခဲ့ကြပါတယ်။

 

အခုဆိုရင် အိုင်းစ်ဘူရီရှိ ဒစ္စကာဗာဘက်ခ်ပြတိုက်မှာ ထိန်းသိမ်းထားပြီး အခွံမကွဲစေဘဲ အထဲကအရည်ကို ထုတ်ယူနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေနေကြပါတယ်။

 

#World_Discovery #အတွင်းအရည်အနှစ် #နှစ်(၁၇၀၀)သက်တမ်းရှည်ကြက်ဥ #Source: WION