၁၈ ဖေဖော်ဝါရီ ၂၀၂၄

အကျဉ်းချခံထားရပြီး ရဲဆေးရုံမှာ တက်ရောက်နေတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာဟာ ယနေ့ တနင်္ဂနွေနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြန်လည်လွတ်မြောက်လာပါတယ်။

အသက် ၇၄နှစ်ရှိပြီဖြစ်တဲ့ ဘီလျံကြွယ်သူဋ္ဌေးကြီးလည်းဖြစ်တဲ့သက်ဆင်ဟာ  တနင်္ဂနွေမနက်စောစောမှာ မာစီဒီးအနက်ရောင်ကို စီးနင်းကာ ဆေးရုံမှထွက်ခွာသွားပါတယ်။ သူဟာ ရှပ်အင်္ကျီ အစိမ်းရောင်ဝတ်ဆင်ထားပြီး လက်မှာပတ်တီးစည်းနှောင်ထားပါတယ်။ သူ့ဘေးမှာ သူ့သမီးအငယ်ဆုံး ဖွေထိုင်းပါတီခေါင်းဆောင် ပေတောင်တန် ရှင်နာဝါထရာလိုက်ပါသွားတယ်လို့ မျက်မြင်ရိုက်တာသတင်းထောက်က ပြောပါတယ်။

သူဟာ သူ့ရဲ့အသက်၊ကျန်းမာရေးအခြေအနေတွေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်အတွက် ကိုက်ညီလို့ခွင့်ပြုခဲ့တာလို့ ထိုင်းအစိုးရကပြောထားပါတယ်။

သက်ဆင်စီးလာတဲ့ကားဟာ ၂၅မိနစ်အကြာမှာ ဘန်ကောက်မှာရှိတဲ့ မိသားစုနေအိမ်ကို ဆိုက်ရောက်လာခဲ့ပါတယ်။

“ သက်ဆင်အိမ်ပြန်ရောက်ပြီ။ သူကျန်းမာနေတယ်လို့မျှော်လင့်ပါတယ်” လို့ အင်စတာဂရမ်က သူ့ရဲ့ ထောက်ခံသူတစ်ဦးရဲ့ ပို့စ်ကို သမီးပေတောင်တန်က ပြန်ဝေမျှထားတာတွေ့ရပါတယ်။

သက်ဆင်ဟာ လွတ်ငြိမ်းချမ်းသာခွင့် လုပ်ငန်းစဉ်တွေအားလုံးပြီးဆုံးလို့ လွတ်မြောက်လာပါပြီ လို့ သူ့ရှေ့နေ ဝင်ယတ် ချန်မွန်ထရီက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

သက်ဆင်ဟာ ထောင်ကျမှာကိုရှောင်ရှားတဲ့အနေနှင့် နိုင်ငံပြင်ပမှာ ပြည်ပြေးဘဝနှင့် ၁၅နှစ်နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ထောင်အကျခံဖို့အတွက် ထိုင်းကိုပြန်လာခဲ့တာဖြစ်ပါတယ်။ထောင်ကျပြီးပြီးချင်းပဲ ကျန်းမာရေးကြောင့်ဆိုပြီး သူ့ကို ရဲဆေးရုံကိုချက်ခြင်းပို့ဆောင်ပေးခဲ့ပြီး ယခုလွတ်မြောက်တဲ့အချိန်ထိ အဲဒီဆေးရုံမှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။

Source Reuters

@ymg/knl