Published 13 February 2024

တစ်နေ့တာ စားသောက်တဲ့အခါ အစဥ်အလာအတိုင်း နံနက်စာ၊ နေ့လယ်စာ၊ ညစာဆိုပြီး ၃ နပ်စားတာထက်စာရင် တစ်နေ့ကို ၁၀ ကြိမ်စားတာက ကျန်းမာရေးကောင်းချင်သူတွေအတွက် ပိုမိုသင့်လျော်မယ်လို့ ပညာရှင်များ ဆိုလိုက်ပါတယ်။

ရင်ပူခြင်း၊ အစာအိမ်လျှံတက်ခြင်း၊ ရင်ပြည့်ခြင်းတို့ ခံစားရတတ်သူတွေဟာ တစ်ခါစားရင် အနည်းငယ်မျှဖြင့် အကြိမ်ရေများစွာ စားပေးခြင်းဖြင့် ထိုလက္ခဏာများ သက်သာစေနိုင်ကြောင်း မစ္စစ္စပီမှ အာဟာရပညာရှင် လင်ဆေးဒီဆိုတိုက ဆိုလိုက်ပါတယ်။

ပမာဏနည်းနည်းဖြင့် ၆ ကြိမ်မှ ၁၀ ကြိမ်လောက်အထိ စားခြင်းက အစာအိမ်မှ ချေဖျက်ဖို့အတွက် မခက်ခဲဘဲ အစာချေခြင်းကို ကူညီပေးပါတယ်။

ထိုကဲ့သို့စားခြင်းဖြင့် ကိုယ်အလေးချိန် ကျချင်သူတွေအတွက်လည်း အကူအညီဖြစ်စေနိုင်ပါတယ်။

တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီကို ပိုင်းခြားစားသောက်ခြင်းဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

အကြိမ်များများစားတဲ့အခါမှာ အဆင့်ဆင့်ထုပ်ပိုးထားတဲ့ မုန့်ပဲသရေစာများအစား အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရွေးချယ်ဖို့ လိုအပ်ပါတယ်။

ဇီဝကမ္မဖြစ်စဥ်ဆိုတာက အစားအစာကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ သဘာဝဓာတုဓာတ်ပြုမှု ဖြစ်ပြီး ဆာလောင်စိတ်ကို ဖယ်ရှားပေးပါတယ်။

အခြားသုတေသနမှာတော့ သူများတွေထက် စားသောက်တဲ့ အကြိမ်ရေပိုများသူတွေဟာ ရောဂါများဖြစ်နိုင်ခြေ သိသိသာသာ ပိုများကြောင်း တွေ့ရှိထားပါတယ်။
Source: New York Post.
#World_Health
#Published_ 13 February 2024
#YMG_News #Yangon_Times #Yangon_Media_Group