Published 13 February 2024 

 
ကျွန်ုပ်တို့ရဲ့ စကြဝဠာကြီးက အလျင်အမြန် ကျယ်ပြန့်လာနေတယ်လို့ သိပ္ပံပညာရှင်များ အတော်လေး သေချာနေပေမယ့် အတိအကျ ဘယ်လိုလဲဆိုတာတော့ မသိကြသေးပါဘူး။ 
 
သီအိုရီအသစ်တစ်ခုအရ ဒီစကြဝဠာကြီးဟာ အပြိုင်စကြဝဠာငယ်များကို ပွတ်တိုက်ပြီး တဖြည်းဖြည်းစုပ်ယူသွားတဲ့ နည်းလမ်းဖြင့် ကျယ်ပြန့်လာနိုင်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 
 
စကြဝဠာကျယ်ပြန့်လာရတာဟာ အခြားစကြဝဠာများနဲ့ ပေါင်းသွားတာကြောင့်ဆိုတဲ့ အယူအဆ တင်ပြလာကြပါတယ်။ 
 
ကျယ်ပြန့်တဲ့နှုန်း အလွန်မြန်ဆန်လာတာဟာ ထူးဆန်းတဲ့ အမှောင်စွမ်းအင်ကြောင့်လို့ လေ့လာနေကြပါတယ်။ 
ကျွန်ုပ်တို့စကြဝဠာကြီးက အခြားစကြဝဠာတွေနဲ့ ပေါင်းသွားရင် ပိုမိုကြီးမားလာမယ်လို့ သိပ္ပံပညာရှင်တွေ သင်္ချာနည်းအရ တွေ့ရှိထားပါတယ်။ 
 
ကျယ်ပြန့်လာတဲ့နှုန်းကို တွက်ချက်ရာမှာ သမားရိုးကျ နည်းလမ်းတွေထက်စာရင် စကြဝဠာ စူးစမ်းလေ့လာရေးနဲ့ ပိုမိုနီးစပ်တဲ့ တွက်ချက်ပုံ သီအိုရီများကို အသုံးပြုကြပါတယ်။ 
 
စကြဝဠာက အလျင်အမြန် ကြီးထွားလာတယ်ဆိုတာ ပိုကြီးစကြဝဠာနဲ့ ပွတ်တိုက်ပြီး စုပ်ယူခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။ 
 
ထိုအခါ ထိုစကြဝဠာ ကြီးမားလာပြီး အခြားစကြဝဠာငယ်များနဲ့လည်း ပွတ်တိုက်ကာ ပေါင်းသွားတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ 
Source: WION. 
#World_Science
#Yangon_Media_Group
#YMG_News #Yangon_Times