Published 10 February 2024

စိတ်ဓာတ်ကျဝေဒနာ ခံစားရသူတွေဟာ ကိုယ်အပူချိန် မြင့်မားတယ်လို့ တွေ့ရှိထားပြီး ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းအသစ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

စိတ်ဓာတ်ကျခြင်းကြောင့် ကိုယ်အပူချိန် မြင့်တာလား၊ ဒါမှမဟုတ် ပြောင်းပြန်သဘောလား ဆိုတာကိုတော့ မသဲကွဲသေးပေမယ့် ကိုယ်အပူချိန် လျော့ကျအောင် ပြုလုပ်ပြီး စိတ်ကျန်းမာရေးအတွက် အကျိုးရှိလာစေနိုင်တယ်လို့ ယူဆနေကြပါတယ်။

UC ဆန်ဒီယေဂိုနဲ့ UC ဆန်ဖရန်ဆစ္စကိုတို့မှ သုတေသီတို့က စမ်းသပ်ပါဝင်သူ  ၂ သောင်းကို ကိုယ်အပူချိန်တိုင်းတာတဲ့ လက်စွပ်ဝတ်စေပြီး လေ့လာခဲ့ကြပါတယ်။

ထိုအခါမှာ စိတ်ကျဝေဒနာ ပြင်းထန်လာတာနဲ့အမျှ ကိုယ်အပူချိန်မြင့်မားနေတာကို တွေ့ရှိခဲ့ကြပါတယ်။

ထိုလူတွေမှာ အပူချိန်မြင့်မားရတာဟာ ကိုယ်တိုင်အပူချိန်ကို မချနိုင်လို့လား၊ ဒါမှမဟုတ် ဇီဝကမ္မဖြစ်စဥ်တွေကနေ အပူထုတ်လုပ်မှု များတာကြောင့်လားဆိုတာကို မသိရသေးပါဘူး။

ဒါပေမဲ့ ဒီစမ်းသပ်ချက်တွေကြောင့် စိတ်ဓာတ်ကျဝေဒနာကို ဘယ်လိုကုသရမလဲဆိုတာ အကြံဉာဏ်တွေ ရလာနိုင်တယ်လို့ စိတ်ရောဂါအထူးကု မေဆန်က ပြောပြသွားပါတယ်။

ရေနွေးဖြင့်ရေချိုးခြင်း၊ ချွေးထုတ်ခန်းထဲနေခြင်းတို့ကလည်း ချွေးထွက်စေကာ ကိုယ်အပူချိန် ကျဆင်းစေတာကြောင့် စိတ်ကျဝေဒနာ သက်သာစေနိုင်မယ့် အလားအလာ ရှိနေပါတယ်။
Source: New York Post.
#World_Health
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group