Published 10 February 2024

တစ်နေ့ကို အိပ်ချိန် ၆ နာရီနဲ့အောက်သာ ရှိပါက ဗိုက်ပြည့်ဝမှုပေးတဲ့ ဟော်မုန်းလျော့နည်းကာ ဆာလောင်စိတ် ဖြစ်ပေါ်တဲ့ဟော်မုန်း များလာပြီး ကိုယ်အလေးချိန် တက်စေတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။

လူတွေဟာ ပင်ပန်းတဲ့အခါ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေကို ပိုမိုစားသုံးဖြစ်ကြပါတယ်။

သကြားဓာတ်ကို ခန္ဓာကိုယ်က လျင်မြန်စွာ စုပ်ယူသွားတာကြောင့် အစားပိုစားဖြစ်ကာ ကယ်လိုရီလောင်ကျွမ်းမှု နည်းပါးသွားပါတယ်။

ဗိုက်ထဲမှာ အစာမရှိဘဲ အိပ်စက်တာကလည်း အိပ်စက်မှုကို နှောင့်ယှက်စေပါတယ်။

အိပ်ခါနီးအချိန်မှာ ထမင်းဟင်းစားတာမျိုးတွေ မလုပ်ဘဲ ဒိန်ချဥ်၊ ငှက်ပျောသီးတို့လို အစားအစာတွေသာ စားသုံးသင့်ပါတယ်။

မအိပ်စက်ခင် တစ်နာရီအလိုလောက်မှာ စားသောက်ပါက အစာမကြေဘဲ အိပ်စက်ခြင်းကို နှောင့်ယှက်စေနိုင်ပါတယ်။

ညဘက်မှာ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်တာက နှလုံးခုန်နှုန်းနဲ့ဇီဝကမ္မဖြစ်စဥ် မြန်စေပြီး အိပ်စက်ဖို့ ခက်ခဲစေပါတယ်။

နံနက်ခင်းပိုင်းတွေမှာ လေ့ကျင့်ခန်းပြုလုပ်သူတွေကတော့ ညဘက် ပိုမိုအိပ်စက်စေတယ်လို့ တွေ့ရှိထားပါတယ်။

နေ့လယ်နောက်ပိုင်းမှာ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေ မသောက်သုံးဖို့လည်း ကျွမ်းကျင်သူများ အကြံပြုထားပါတယ်။

ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ဆိုရင် အချိုမုန့်များ၊ ကွတ်ကီး၊ ကိတ်မုန့်၊ ချောကလက်၊ ဖျော်ရည်တို့ကို ညနေခင်းကတည်းက ရှောင်ရှားသင့်ပါတယ်။
Source: The Jerusalem Post.
#World_Military
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group