Published 06 February 2024

အမျိုးသားများကြား ယင်းတို့ရဲ့ ကျားအင်္ဂါကို ပိုကြီးလာအောင် ဆွဲဆန့်နေကြတဲ့ ဖြစ်ရပ်ဟာ ပျံ့နှံ့နေပြီး ဒီလုပ်တာဟာ ဘေးအန္တရာယ် ဖြစ်စေနိုင်တယ်လို့ ပညာရှင်များက သတိပေးလိုက်ပါတယ်။

Jelqing ဆိုတဲ့လုပ်ရပ်ဟာ TikTok နဲ့ Reddit တို့လို ဆိုရှယ်မီဒီယာတွေမှာ ရေပန်းစားလာပါတယ်။

ဒီလုပ်ရပ်ကို အမျိုးသားအများစု ပြုလုပ်နေကြပြီး ဘေးအန္တရာယ်မရှိစေဘဲ ကျန်းမာစေတယ်လို့ ယူဆနေကြပါတယ်။

ကျားအင်္ဂါအနည်းငယ် ထောင်မတ်ချင်တဲ့အချိန်မှာ အရင်းကနေ လက်မ လက်ညိုးတို့ဖြင့် အရှေ့ဘက်သို့ ဖိဆွဲရတဲ့ ပုံစံဖြစ်ပြီး သွားတိုက်ဆေးဘူးလက်ကျန်ကို ညှစ်ထုတ်သကဲ့သို့ ဖြစ်ပါတယ်။

ဒီလိုလုပ်ခြင်းဖြင့် အတွင်းမှ အရည်စက်ငယ်များ ထွက်လာကာ ဒဏ်ရာသက်သာတဲ့အခါ အနည်းငယ် ပိုကြီးလာတယ်လို့ ယူဆကြပါတယ်။

ဒေါက်တာ ရီနာမာလစ်ကတော့ ဒီလိုလုပ်တာဟာ ကျားအင်္ဂါကို ပြန်ပြင်မရအောင် ထိခိုက်စေတယ်လို့ သတိပေးလိုက်ပါတယ်။

ကျားအင်္ဂါကိုသွားတဲ့ အာရုံကြောတွေ ထိခိုက်စေပြီး ထုံကြဥ်ခြင်းကို ဖြစ်စေနိုင်ကာ ကောင်းကျိုးထက် ဆိုးကျိုးပိုများကြောင်း၊ ထိခိုက်ဒဏ်ရာတွေနဲ့ သွေးကြောတွေ ပြဿနာဖြစ်စေကြောင်း သတိပေးသွားပါတယ်။

ဒါ့အပြင် ဝေဒနာပြင်းထန်ပြီး အမာရွတ်တစ်ရှူးများကြောင့် ထောင်မတ်ခြင်းကွေးသွားစေတဲ့ ပေရိုနီရောဂါလည်း ဖြစ်စေနိုင်ပါတယ်။

ထိခိုက်ဒဏ်ရာအပြင် ပေရိုနီရောဂါဟာ ကျားအင်္ဂါထောင်မတ်တဲ့အခါ တိုသွားနိုင်ပါတယ်။  
Source: New York Post
#World_Health
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group