Published 06 February 2024

နေ့တစ်နေ့တာမှာ ထက်မြက်တက်ကြွနေဖို့ဆိုရင် နံနက်မျက်လုံးနှစ်လုံး ဖွင့်တာနဲ့ လက်ကိုင်ဖုန်းကို အရင်ဆုံးအသုံးမပြုမိဖို့ လိုအပ်ပါတယ်။

အိပ်ရာနိုးနိုးချင်းမှာ လက်ကိုင်ဖုန်းကို အရင်ဆုံး အသုံးပြုမိပြီဆိုရင် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဥ် နှောင့်နှေးခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ဆရာဝန်တွေ အကြံပြုလိုက်ပါတယ်။

ဒီလိုလုပ်တဲ့အခါ ဦးနှောက်မှာ ဒိုပါမင်းပမာဏနဲ့ အာရုံကြောစနစ်တို့ကို အလွန်အမင်းလှုံ့ဆော်လိုက်ကြောင်း ဒေါက်တာ ဂျိန်းဘိုးရင်းက ဆိုလိုက်ပါတယ်။

ဆဲလ်ဖုန်းတွေကထွက်တဲ့ လျှပ်စစ်နဲ့ သံလိုက်စက်ကွင်းတို့က ဇီဝကမ္မဖြစ်စဥ်ကို ထိခိုက်စေပြီး ကယ်လ်စီယံတွေ လျှံတက်လာကာ မဂ္ဂနီဆီယံဓာတ် ပိုမိုလိုအပ်လာပါတယ်။

ထိုစက်ကွင်းတွေက ခေါင်းကိုက်ခြင်းကို ဖြစ်စေပြီး တစ်နေ့တာအတွက် စွမ်းအင်ပမာဏနဲ့ ဇီဝကမ္မဖြစ်စဥ်တို့ကို ထိခိုက်စေပါတယ်။

ဖုန်းမှထွက်တဲ့ အလင်းပြာက ခန္ဓာကိုယ်တွင်း နေ့ညလည်ပတ်မှုဖြစ်စဥ်တွေကို နှောင့်ယှက်စေပါတယ်။

စိတ်စွမ်းအားအကြံပေးပညာရှင် ဂျေးရိုင်ကလည်း အိပ်ရာနိုးနိုးချင်း လက်ကိုင်ဖုန်းအသုံးမပြုဖို့ အကြံပြုထားပါတယ်။
Source: WION.
#World_Health
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group