Published 1 Jan 2024

လေယာဥ်စီးနေကြသူ ခရီးသည်တွေဟာ လေယာဥ်ပေါ်က ညစ်ပတ်နေတဲ့ နေရာတွေကို သတိမထားမိကြပါဘူး။

လေယာဥ်ဝန်ထမ်းတွေက လေယာဥ်ပေါ်က အညစ်ပတ်ဆုံးနေရာတွေကို ခရီးသည်တွေ သတိထားမိစေရန် မကြာသေးမီက ဖော်ပြခဲ့ကြပါတယ်။

(၁) ဦးခေါင်းထက်မှ ပစ္စည်းထားအကန့်တွေဟာ လူအများအပြားမှ ထိတွေ့နေကြပြီး သန့်ရှင်းရေး သိပ်မလုပ်ဖြစ်တာကြောင့် ထိုအကန့်တွေကို မကိုင်ခင်မှာ သုတ်သင်သင့်တယ်လို့ လေယာဥ်မယ်နဲ့ ခရီးသွားဘလော့ဂါဖြစ်သူ ဟိုဆက်ဖင်းရီမိုက ပြောပြသွားပါတယ်။

(၂) ဘေးကင်းရေးလမ်းညွှန်ကတ်ဟာလည်း လူအများကိုင်တွယ်ကြတာကြောင့် ယူမဖတ်ခင်မှာ အရင်သုတ်သင်သင့်ပါတယ်။

(၃) ခရီးသည်တွေ စားသောက်တဲ့အခါ တင်လေ့ရှိတဲ့ စားပွဲတွေပေါ်မှာ ကလေးငယ်တွေရဲ့ ဒိုက်ပါတွေကို တင်လေ့ရှိတာကြောင့် အသုံးမပြုခင်မှာ သုတ်သင်သင့်ပါတယ်။

(၄) ခရီးသည်တွေထိုင်တဲ့ ခုံတွေဟာ အော့အန်တဲ့အခါမှာတောင် သိပ်ပြီးသန့်ရှင်းရေး မလုပ်ကြပါဘူး။

(၅) လေယာဥ်သန့်စင်ခန်းအတွင်းတွေကို သန့်ရှင်းရေးလုပ်ကြရင်တောင် တံခါးလက်ကိုင်တွေကတော့ သန့်ရှင်းရေး မလုပ်တတ်ကြပါဘူး။

ဒါကြောင့် ထိုနေရာတွေကို ထိတွေ့ပြီးတိုင်း လက်ကိုသန့်ရှင်းရေးလုပ်ဖို့ အရေးကြီးပါတယ်။

ဒီလိုမျိုး နေရာတိုင်းကို သေချာစွာ သန့်ရှင်းရေးလုပ်ဖို့ ပြဿနာရှိနေတာက အချိန်မလုံလောက်ခြင်း၊ ပစ္စည်းကိရိယာ မလုံလောက်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ လေယာဥ်သန့်ရှင်းရေးဝန်ထမ်း ရိုဆာဆန်းချက်ဇ်က ပြောပြသွားပါတယ်။
Source: New York Post
#World_Health
#YMG_News #Yangon_Times #Yangon_Media_Group