၂၄ ဒီဇင်ဘာ ၂၀၂၃

ဂျပန်ပိုင် ဓာတုပစ္စည်းတင်သင်္ဘောတစ်စီးသည် စနေနေ့က အိန္ဒိယသမုဒ္ဒရာအတွင်း အီရန်မှပစ်လွှတ်သည့် ဒရုန်းတစ်စီး၏ တိုက်ခိုက်မှုကိုခံခဲ့ရတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အိန္ဒိယကမ်းခြေမှ ၃၇၀ကီလိုမီတာခန့်အကွာ အိန္ဒိယသမုဒ္ဒရာတွင် တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ပင်တဂွန်ကပြောကြားခဲ့ပြီး  အဲဒီသင်္ဘောဟာ လစ်ဗျားအလံတပ်ပြီး ဒတ်ချ်ကုမ္ပဏီက လုပ်ငန်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဆက်လက်ပြောကြား ပါတယ်။ ထိခိုက်ပျက်စီးမှုမရှိဘဲ မီးကိုလည်းငြိမ်းသတ်လိုက်နိုင်တယ်လို့ ပင်တဂွန်ကဆိုပါတယ်။

အဆိုပါတင်ကာ သင်္ဘောသည် အစ္စရေးနှင့်ဆက်စပ်နေပြီး ဆော်ဒီအာရေဗျမှ အိန္ဒိယသို့ခုတ်မောင်နေစဉ် ဒရုန်းဖြင့်  အတိုက်အခိုက် ခံရတာဖြစ်တယ်လို့ ရိုက်တာနှင့်အခြားမီဒီယာတွေက သတင်းရေးပါတယ်။  နိုဝင်ဘာလတုန်းကလည်း အစ္စရေးဘီလျံနာတစ်ဦးနှင့်ဆက်စပ်နေတဲ့ ကုန်တင်သင်္ဘောတစ်စီးသည် အဆိုပါရေပြင်မှာပဲ အီရန်ဒရုန်းလို့သံသယဖြစ်စရာ ဒရုန်းနှင့်အတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

Source NHK