Published 18 December 2023 

 
လူတစ်ဦးနဲ့တစ်ဦး ခြေဖဝါးအရွယ်အစား ကွဲပြားရတဲ့အကြောင်း အမျိုးမျိုးကို ဖလော်ရီဒါမှ တင်မိုသီမီလာက ရှင်းပြလိုက်ပါတယ်။ 
 
မိဘတွေရဲ့ ခြေဖဝါးအရွယ်အစားက မိမိရဲ့ ခြေဖဝါးအရွယ်အစားကို ညွှန်ပြနေနိုင်ပါတယ်။ 
 
မိခင်နဲ့ ဖခင်တစ်ဦးဦးရဲ့ မျိုးရိုးလက္ခဏာတွေနဲ့ များသောအားဖြင့် ဆင်တူနေတတ်ပါတယ်။ 
 
ထိုအချက်အပြင် ခြေဗလာဖြင့် လျှောက်နေသူတွေဟာ ခြေထောက်ပိုကြီးနေတတ်ပါတယ်။ 
 
ကြွက်သားတွေ အရွတ်တွေနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်ဖူးသူတွေဟာ ခြေထောက်ဆက်လက် ကြီးထွားခြင်း၊ သေးသိမ်ကျန်ခဲ့ခြင်းတို့ ဖြစ်တတ်ပါတယ်။ 
 
ကျိုးအက်ခြင်း နေရာလွဲခြင်းတို့က အရိုးတွေ အဆစ်တွေရဲ့ ပုံသဏ္ဍာန်ပြောင်းလဲစေပြီး ခြေထောက်ရဲ့ ပုံစံအရွယ်အစားကိုလည်း ကွဲပြားသွားစေပါတယ်။ 
 
ကိုယ်အလေးချိန် များတဲ့သူတွေမှာ ခြေကျင်းဝတ်၊ ခြေဖဝါးတို့မှာ ဖိအားပိုများစေပြီး အလေးချိန်ကို ခံနိုင်ရည်ရှိအောင် အလိုက်သင့်သန်မာလာပါတယ်။ 
 
များသာအားဖြင့် ကိုယ်အလေးချိန်ပိုများလေ ခြေဖဝါးပိုကြီးလေ ဖြစ်ပါတယ်။ 
 
အမျိုးသားတွေဟာ ကြီးထွားဟော်မုန်း ပိုများတာကြောင့် အမျိုးသမီးတွေနဲ့ယှဥ်ရင် ခြေဖဝါးပိုရှည်နေတတ်ပါတယ်။ 
 
အမေရိကန်မှာ ပျမ်းမျှဖိနပ်ဆိုဒ်က ပိုမိုကြီးမားလာပြီး လွန်ခဲ့တဲ့ နှစ် ၃၀ ခန့်ကထက် ဖိနပ်ဆိုဒ် ၁ မှတ်စာလောက် ပိုမိုကြီးလာပါတယ်။ 
 
ဒါဟာ ကိုယ်အလေးချိန် ပိုများလာတာနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ 
 
ခြေထောက်ကျန်းမာရေးကိုလည်း နှစ်စဥ်စစ်ဆေးသင့်ပြီး ဆရာဝန်တွေက ခြေထောက်ကို ကြည့်ရှုစစ်ဆေးကာ ဆီးချိုနဲ့ အခြားရောဂါပြဿနာများကို ရှာဖွေသိရှိနိုင်မှာ ဖြစ်ပါတယ်။ 
 
လှုပ်ရှားသွားလာနေခြင်းက ခြေထောက်ကျန်းမာရေးကို ကောင်းမွန်စေပြီး လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့က သွေးလည်ပတ်မှုကို တိုးတက်စေပါတယ်။ 
Source: New York Post 
#World_Science
#Yangon_Media_Group
#YMG_News #Yangon_Times