Published 16 December 2023 
 
ဗီယက်နမ် ဒေါင်ဟွိုင်မှ အမျိုးသားတစ်ဦးဟာ လများစွာတိုင်အောင် အလွန်အမင်း ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ဆုံးရှုံးခြင်း၊ နှာရည်ကျခြင်း ခံစားနေရတာကြောင့် ဆေးရုံတက်ရောက်ခဲ့ပါတယ်။ 
 
ရောဂါလက္ခဏာတွေ ရှုပ်ထွေးနေတာကြောင့် ဆရာဝန်တွေက ဖြစ်စဥ်အကြောင်းအရင်း သိရအောင် ဓာတ်မှန်ရိုက်ခဲ့ပါတယ်။ 
 
လူနာရဲ့ဦးနှောက်ထဲက နှာခေါင်းလမ်းကြောင်းမှာ ပြင်ပအရာနှစ်ခု ရှိနေတာကို ဓာတ်မှန်မှာ တွေ့ရှိရပါတယ်။ 
 
ထိုအရာတွေက နှာခေါင်းအတွင်းပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ တူအကျိုးစတွေ ဖြစ်နေပါတယ်။ 
 
လူနာဟာ လွန်ခဲ့တဲ့ ငါးလခန့်က ဘားမှာခိုက်ရန်ဖြစ်ပွားရင်း သူ့ရဲ့ဦးခေါင်းခွံကို တစ်ဖက်လူက ထမင်းစားတူဖြင့် ထိုးသွင်းတာကို ခံခဲ့ရပါတယ်။ 
 
အရေးပေါ်ကုသမှု ခံယူစဥ် ဆရာဝန်တွေက ဘာမှမတွေ့ရှိခဲ့ကြပေမယ့် ယခုကျမှ ရောဂါလက္ခဏာ ခံစားရတာတွေကို သိရှိလာရတာ ဖြစ်ပါတယ်။ 
 
အာရုံကြောခွဲစိတ်ဌာနမှ အကြီးအကဲ ဒေါက်တာငုယင်ဗန်မန်က နှာခေါင်းကနေ ပြွန်သွင်းခွဲစိတ်မှုနဲ့ အသေးစားခွဲစိတ်မှု ပြုလုပ်ခဲ့ကာ ပြုပြင်ခဲ့ပြီး တူအစအနတွေကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ်။ 
 
လူနာအခြေအနေ တည်ငြိမ်သွားပြီးနောက် ဆေးရုံဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ 
 
ဒီလိုဖြစ်ရပ်ဟာ ဒါပထမဆုံးမဟုတ်ဘဲ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ညစာစားရင်း သူ့ညီမက ထမင်းစားတူဖြင့် တိုက်ခိုက်ခဲ့တာကြောင့် နှာခေါင်းမှ သွေးအနည်းငယ်ထွက်ကာ ဘယ်ဘက်မျက်လုံးမှာ ဖူးရောင်သွားခဲ့ပြီး အရေးပေါ်ကို ရောက်ရှိခဲ့ဖူးပါတယ်။ 
 
နှာခေါင်းတွင်းကို စစ်ဆေးခဲ့ရာမှာ တူအပိုင်းအစ ၂ ခုကို တွေ့ရှိခဲ့ပြီး နှာခေါင်းတစ်ဖက်မှ နောက်တစ်ဖက်သို့ ဖောက်နေခဲ့ပါတယ်။ 
 
ဒီလို မထင်မှတ်တဲ့ အရာဝတ္ထုတွေကနေ အန္တရာယ်တွေ့နိုင်တာကို သတိထားသင့်ပြီး ထိုကဲ့သို့ ဖြစ်ပွားပါက ဆေးဘက်ဆိုင်ရာ ကုသမှုချက်ချင်း ခံယူသင့်ပါတယ်။ 
Source: The Jerusalem Post
#World_Health
#Yangon_Media_Group
#YMG_News #Yangon_Times