Published 08 December 2023 
 
နေရောင်ခြည်မှ ရရှိတဲ့ ဗိုက်တာမင်ဒီဟာ လူ့ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ 
 
နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ ခန္ဓာကိုယ်ကနေ ဗိုက်တာမင်ဒီကို ထုတ်လုပ်ပေးပြီး ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေတဲ့အပြင် ကယ်လ်စီယမ်စုပ်ယူခြင်းကို မြှင့်တင်ပေးကာ စိတ်အခြေအနေကို တိုးတက်စေပါတယ်။ 
 
ဗိုက်တာမင်ဒီချို့တဲ့ရင် နာကျင်ကိုက်ခဲမှုများ ဖြစ်ပေါ်စေပြီး အရိုးများကို အားနည်းစေပါတယ်။ 
 
ဒါကြောင့် လူတွေဟာ ဗိုက်တာမင်ဒီ လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် ဖြည့်စွက်စာများ စားသုံးကြပေမယ့် ဗိုက်တာမင်ဒီ အလွန်အကြူးစားမိခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများကိုတော့ သိပ်ပြီး မသိရှိကြပါဘူး။ 
 
ခန္ဓာကိုယ်ထဲမှာ ဗိုက်တာမင်ဒီပမာဏ လိုအပ်သည်ထက် ပိုမိုများပြားတဲ့အခါ သွေးဖိအားများခြင်း၊ စိတ်ကျန်းမာရေး အပြောင်းအလဲဖြစ်ခြင်း၊ ကျောက်ကပ်ပြဿနာ၊ အစာခြေပြဿနာများ ခံစားရနိုင်ပါတယ်။ 
 
ဒါ့အပြင် သွေးထဲမှာ ကယ်လ်စီယမ် များပြားလာတဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ 
 
သွေးထဲမှာ ကယ်လ်စီယမ် များတဲ့အခါ မူးဝေအော့အန်ခြင်း၊ အားနည်းခြင်းနဲ့ မကြာခဏ ဆီးသွားခြင်းတို့ ဖြစ်နိုင်ပါတယ်။ 
 
အချိန်မီ မထိန်းချုပ်နိုင်ပါက ဗိုက်တာမင်ဒီ အဆိပ်သင့်ပြီး အရိုးနာခြင်းနဲ့ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရောဂါများ ဖြစ်လာနိုင်ပါတယ်။ 
 
ကျန်းမာရေးအဖွဲ့အစည်းများရဲ့ အဆိုအရ အသက် ၁ နှစ်မှ ၇၀ နှစ်ကြားလူတွေမှာ တစ်နေ့ကို ဗိုက်တာမင်ဒီ ၁၅ မိုက်ခရိုဂရမ် ရရှိသင့်ပါတယ်။ 
 
ဗိုက်တာမင်ဒီ လိုအပ်ချက်နဲ့ပတ်သက်ပြီး ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပြီးမှသာ ဖြည့်စွက်စာများ သုံးစွဲသင့်ပါတယ်။ 
Source: NDTV 
#World_Health
#Yangon_Media_Group
#YMG_News #Yangon_Times