လတ်တလောကာလ နိုင်ငံတကာ ရွှေဈေးမြင့်တက်လာခြင်းကြောင့် နိုဝင်ဘာလအတွင်း တောင်ကိုရီးယားမှာ ရွှေရောင်းချမှု စံချိန်တင်မြင့်မားခဲ့ပြီး ရွှေတုံးရွှေထည်များကို ရင်းနှီးမြှုပ်နှံလာကြပါတယ်။
တောင်ကိုရီးယားမှာ နိုဝင်ဘာလအတွင်း အရောင်းအဝယ်လုပ်ခဲ့ရာမှာ ရွှေ ၁,၂၂၀ ကီလိုဂရမ်နဲ့ ၁၀၀ ဘီလီယံဝမ် (ဒေါ်လာ ၇၇ သန်း)တန်ဖိုးရှိခဲ့ကာ ယခုနှစ်ဧပြီလနောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
#World_Economy
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group