Published 20 November 2023

နေ့စဥ်စားသောက်နေတဲ့ အရာတွေက ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေပုံနဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ပုံတို့ကို သုတေသီများ ရှာဖွေနေကြပါတယ်။

အချို့သော အစားအသောက်များက အသက်ကြီးလာတဲ့အချိန်မှာ ဦးနှောက်အသိဉာဏ်စွမ်းရည်ကို ထိန်းသိမ်းစေနိုင်မှာဖြစ်ပြီး ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာဖြစ်ကြောင်း အမေရိကန် အာရုံကြောအကယ်ဒမီမှ ဒေါက်တာ နီကိုလော့စ်စကာမီယတ်စ်က ပြောပြလိုက်ပါတယ်။

စမ်းသပ်မှုပြုလုပ်တဲ့အခါမှာ လူတွေရဲ့ စားသောက်နေထိုင်ပုံတွေကို စစ်တမ်းကောက်ယူခဲ့ကြပြီး ရောင်ရမ်းခြင်းကို ဘယ်လောက်အထိ ဆန့်ကျင်ပေးတဲ့ အစားအစာတွေ ပါဝင်လဲဆိုတာကို သတ်မှတ်ခဲ့ကြပါတယ်။

နောက် ၃ နှစ်အကြာမှာ လူတစ်ထောင်ကျော်ထဲက ၆၂ ဦးဟာ ဒီမန်ရှာဖြစ်ပွားခဲ့ပြီး သူတို့ဟာ ရောဂါမဖြစ်ပွားသူတွေ စားတဲ့ ကောက်ပဲသီးနှံတွေရဲ့ တဝက်လောက်သာ စားခဲ့ကြတာ ဖြစ်ပါတယ်။

ထိုအစားအစာတွေက..
-        ပဲအမျိုးမျိုး
-        လက်ဖက်ကြမ်းရည်နဲ့ကော်ဖီ
-        အသီးအနှံများ
-        ဟင်းသီးဟင်းရွက်များ ဖြစ်ပါတယ်။
 
ဒါ့အပြင် ဖလေဗိုနောလ် ပါဝင်တဲ့ အစားအစာများ စားသုံးသူတွေဟာ မှတ်ဉာဏ်ပိုင်းမှာ ကောင်းမွန်ကြောင်း တွေ့ရှိထားပါတယ်။
ဖလေဗိုနောလ် ကြွယ်ဝတဲ့ အစားအစာများက..
-        ဝိုင်နီ
-        လက်ဖက်စိမ်းနဲ့ လက်ဖက်နက်အကြမ်းရည်
-        ချောကလက်မည်း
-        ပဲများ
-        ကိုက်လန်
-        ကန်စွန်းရွက်
-        ကြက်သွန်နီ
-        ချယ်ရီသီးများ
-        ဘလက်ဘယ်ရီ
-        စပျစ်နက်
-        ပန်းသီးတို့ ဖြစ်ပါတယ်။
 
အဆင့်ဆင့်ထုပ်ပိုးထားတဲ့ အစားအစာတွေနဲ့ အသင့်စား အစားအစာတွေကတော့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ များစေပါတယ်။

အဆင့်ဆင့်ထုတ်လုပ် ထုပ်ပိုးထားတဲ့ အစားအစာတွေကို ၁၀ ရာခိုင်နှုန်း ပိုမိုစားသောက်လေ ဒီမန်ရှာဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းများလာလေ ဖြစ်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

အယ်ဇိုင်းမား၊ ဒီမန်ရှာရောဂါတို့ မဖြစ်ပွားဘဲ ယူကေမှာနေထိုင်တဲ့ အသက် ၅၅ နှစ်နဲ့အထက် လူပေါင်း ၇၂,၀၀၀ ကျော်ကို လေ့လာခဲ့ကြပါတယ်။

ယင်းတို့ကို ၁၀ နှစ်လေ့လာမှုလုပ်ခဲ့ရာမှာ ၅၁၈ ယောက်က ဒီမန်ရှာနဲ့ အယ်ဇိုင်းမားရောဂါတို့ ဖြစ်ပွားခဲ့ပြီး ထိုသူတွေဟာ အဆင့်ဆင့်ထုပ်ပိုးထားတဲ့ စားစရာတွေကို အများဆုံးစားသူတွေ ဖြစ်ပါတယ်။

ထိုစားစရာတွေဟာ အရသာရှိပြီး တာရှည်ခံစေဖို့အတွက် ဖန်တီးထားတာကြောင့် ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးခြင်းဖြင့် ဆရာဝန်တွေထံ သွားစရာမလိုလောက်အောင် ကျန်းမာစေနိုင်ပါတယ်။
Source: New York Post
#World_Health
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News