Published 19 November 2023

အသည်းအင်္ဂါက ခန္ဓာကိုယ်ထဲမှာ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး ပျက်စီးသွားရင် ပြန်မရနိုင်ပါဘူး။

အသေးစား အသည်းရောဂါကစလို့ နာတာရှည် အသည်းခြောက်ရောဂါအထိ ဖြစ်ပွားတတ်ကာ အသည်းရောင်ရောဂါ ကြာရှည်လာရင် အသည်းထိခိုက်ပျက်စီးသည်အထိ ဖြစ်တတ်ပါတယ်။

ဒါပေမဲ့ အသည်းကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများလည်း ရှိနေပါတယ်။

အသည်းရောင်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်အများအပြားဟာ အသည်းအပေါ် ဆိုးရွားစွာ သက်ရောက်စေပါတယ်။

အသည်းရောင်အသားဝါ ကူးစက်မှုကြောင့်ဖြစ်တဲ့ အသည်းထိခိုက်ခြင်း အန္တရာယ် လျှော့ချနိုင်မယ့် နည်းလမ်းများကတော့..
(၁) ကိုယ်အလေးချိန်ထိန်းပါ
အဝလွန်ခြင်းကြောင့် အသည်းခြောက်ခြင်းနဲ့ အသည်းအဆီဖုံးခြင်းတို့ ဖြစ်လာနိုင်ပြီး အသည်းကျန်းမာရေး ထိန်းသိမ်းဖို့အတွက် အဆီနည်းတဲ့ အစားအစာတွေ စားသုံးသင့်ပါတယ်။

(၂) သင့်တင့်ရုံသာ အရက်သောက်ပါ
အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးပါက အသည်းကို ပျက်စီးစေကာ ရှိပြီးသား အသည်းရောဂါများကို ပိုဆိုးစေပြီး အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေ ပိုများစေပါတယ်။

(၃) သတိထားပြီး ဆေးသောက်ပါ
ပါရာစီတမောလ်၊ အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်တို့ဟာ အသည်းကိုထိခိုက်စေပြီး အကိုက်အခဲပျောက်ဆေးတွေကို အတတ်နိုင်ဆုံး ရှောင်ကြဥ်သင့်ပါတယ်။

(၄) ကာကွယ်ဆေးထိုးထားပါ
အသည်းရောင်အသားဝါ အေနဲ့ ဘီကာကွယ်ဆေးတွေက အသည်းရောဂါပိုး ကူးစက်ခြင်းမှ ကာကွယ်နိုင်ပြီး ဆေးပတ်လည်အောင် ထိုးထားသင့်ပါတယ်။

(၅) တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ
အသည်းရောင်ရောဂါ ကာကွယ်ရေးနည်းလမ်းများထဲမှာ လက်ဆေးခြင်း၊ သန့်ရှင်းသောရေ သောက်သုံးခြင်း၊ သန့်ရှင်းစွာ စားသုံးခြင်းတို့ ပါဝင်ပြီး အဆိုပါဗိုင်းရပ်စ်ဟာ လူချင်းတိုက်ရိုက် ထိတွေ့ရာကနေ ကူးစက်နိုင်ပါတယ်။

(၆) သင့်တင့်မျှတစွာ စားသုံးပါ
အသည်းကျန်းမာရေးနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းရန်အတွက် တွက်ချက်စားသုံးသင့်ပြီး အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိုက်တို့ဟာ အသည်းကို အထောက်အကူ ဖြစ်စေပါတယ်။
Source: DoctorNDTV
#World_Health
#YMG_News #Yangon_Times #Yangon_Media_Group