၁၂ နိုဝင်ဘာ ၂၀၂၃

ဟားမာ့စ်ရဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ဖို့ အစ္စရေးက ယင်းရဲ့နိုင်ငံတောင်ပိုင်းမှာ “ သံမဏိလိပ်ခုံး” လို့ အမည်ပေးထားတဲ့ ဒုံးကျည်ဖျက်စနစ်ကို ယာယီတပ်ဆင်နေရာချထားလိုက်ပါတယ်။

ဒုံးကျည်တိုက်ဖျက်ရေးစနစ်တပ်ဆင်ထားတဲ့နေရာဟာ ဂါဇာကမ်းမြောင်မှ ၁၅ ကီလိုမီတာခန့်အကွာမှာရှိပါတယ်။ အဆိုပါ ဒုံးကျည်ဖျက်စနစ်ကို ဒေါင်လိုက်တပ်ဆင်ထားတာဖြစ်ပါတယ်။  “သံမဏိလိပ်ခုံး” ရဲ့ ရေဒါစနစ်ကိုတော့ အနီးက ထရပ်တစ်စီးအပေါ်မှာ တပ်ဆင်ထားပါတယ်။