Published 07 November 2023

လူတွေရဲ့နေ့စဥ်ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှု ကြုံတွေ့ရစမြဲဖြစ်ပြီး သဘာဝအတိုင်း တုန့်ပြန်ဆောင်ရွက်တဲ့ သဘောဖြစ်ပါတယ်။

စပြီးတော့ ဖိစီးမှုဖြစ်တဲ့အခါ အက်ပီနက်ဖရင်းလို့ ခေါ်တဲ့ ဟော်မုန်းထွက်လာပြီး စားချင်စိတ်ကို လျော့ကျစေပါတယ်။

ဒါပေမဲ့ ဖိစီးမှုကြာရှည်လာရင်တော့ ကော်တီဆော်လ်တို့ ခေါ်တဲ့ ဟော်မုန်းထွက်လာကာ စားချင်စိတ်ကို ဖြစ်စေပါတယ်။

အချိုအအီပါတဲ့ စားစရာတွေ၊ ကယ်လိုရီများတဲ့ စားစရာတွေကို စားချင်လာပါတယ်။

ဒီစားစရာတွေက ဖိစီးမှုကို ခဏတာ ပြေလျော့စေပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားမိစေပါတယ်။

ဒါကြောင့် ဖိစီးမှုကို ရေရှည်ကြုံတွေ့လာရင်တော့ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။
 
(၁) အဝလွန်ခြင်း
ဖိစီးမှုများပြီး စားသုံးမိတဲ့အခါ ကယ်လိုရီများတာတွေကို စားမိပြီး ကိုယ်အလေးချိန် တက်လာစေတဲ့အပြင် နှလုံးသွေးကြောရောဂါများ၊ ဆီးချိုရောဂါတို့ကို ဖြစ်လာစေပါတယ်။
 
(၂) အသည်းအဆီဖုံးရောဂါ
ဖိစီးမှုများပြီး အဆီများတဲ့ အကြော်မုန့်တွေ စားမိတဲ့အခါ အသည်းထဲကဆဲလ်တွေမှာ အဆီတွေစုပုံလာပြီး အသည်းရဲ့အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။
 
(၃) အရက်ကြောင့်မဟုတ်သော အသည်းရောင်ရောဂါ (NASH)
အသည်းအဆီဖုံးရောဂါ ပိုမိုဆိုးရွားလာတဲ့အခါ NASH ဖြစ်လာနိုင်ပြီး အသည်းဆဲလ်များ ထိခိုက်ရောင်ရမ်းလာတာ ဖြစ်ပါတယ်။
 
(၄) အသည်းခြောက်ခြင်း
အခြားအသည်းပြဿနာတွေ ပိုဆိုးလာတဲ့အခါ အသည်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။
ကောင်းတဲ့ ဆဲလ်တွေနေရာမှာ အမာရွတ်တွေ ဖြစ်လာပြီး အသည်းလုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။
 
ဒါကြောင့် လူတိုင်းဟာ စိတ်ဖိစီးမှုကို ဖြေရှင်းဖို့နဲ့ ကျန်းမာစွာ စားသောက်နေထိုင်ဖို့ အရေးကြီးကြောင်း သိရှိထားသင့်ပါတယ်။
Source: DoctorNDTV.
#World_Health
#Published_ 07 November 2023
#YMG #Yangon_Times #Yangon_Media_Group