Published 04 November 2023 

 
အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာခြင်းဖြင့် နှလုံးကိုလည်း ကျန်းမာစေနိုင်တယ်ဆိုတဲ့ အထောက်အထား ရှိလာပါတယ်။ 
 
အစာအိမ် အူလမ်းကြောင်းထဲမှာ ဘက်တီးရီးယား၊ မှို၊ အခြားအဏုဇီဝပိုးမွှားများစွာ နေထိုင်ပါတယ်။ 
 
ယင်းတို့ဟာ အစာခြေခြင်း၊ အာဟာရစုပ်ယူခြင်း၊ ကိုယ်ခံအားစနစ်၊ နှလုံးသွေးကြောစနစ်တို့မှာ ပါဝင်လုပ်ဆောင်ပါတယ်။ 
 
အူလမ်းကြောင်း ဘက်တီးရီးယားများ ညီညွတ်မျှတစွာ ရှိနေမယ်ဆိုရင် ရောဂါများကင်းဝေးပြီး နှလုံးကျန်းမာရေးနဲ့ ဦးနှောက်ကျန်းမာရေးတို့ကို မြှင့်တင်ပေးပါတယ်။ 
 
အူလမ်းကြောင်း ကျန်းမာရေးကောင်းမွန်တဲ့အခါ .. 
 
(၁) စိတ်အခြေအနေ ထိန်းချုပ်ပေးခြင်း၊ လှုံ့ဆော်ပေးခြင်း၊ သိရှိခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ ဆီရိုတိုနင်၊ ဒိုပါမင်း၊ ဂါဘာတို့လို အာရုံကြောလှုံဆော်ပစ္စည်းတွေကို ပိုမိုထွက်ရှိစေပါတယ်။ 
 
(၂) ကောင်းတဲ့ ဘက်တီးရီးယားတွေကို ထိန်းချုပ်ပေးကာ ခန္ဓာကိုယ်ထဲက ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။ 
 
(၃) မရှိမဖြစ်လိုအပ်တဲ့ ဗိုက်တာမင်များ၊ အာဟာရဓာတ်များ၊ သတ္တုဓာတ်များကို စုပ်ယူကာ ဦးနှောက်ကို ထောက်ပံ့ပေးပါတယ်။ 
 
(၄) အစာအိမ်နဲ့ ဦးနှောက်ဝင်ရိုးကြား ဆက်သွယ်မှုကို ထိရောက်စွာ ဆောင်ရွက်ပေးပါတယ်။ 
 
(၅) အစာအိမ်ကောင်းမွန်နေပါက ဖိစီးမှုပမာဏကို ထိန်းညှိပေးပြီး ဦးနှောက်ကျန်းမာရေးကို အကျိုးဖြစ်ထွန်းစေပါတယ်။ 
 
(၆) အူလမ်းကြောင်း ကျန်းမာပါက အစာကို ထိရောက်စွာ ခြေဖျက်ပေးခြင်း၊ အာဟာရဓာတ်များ စုပ်ယူခြင်း၊ အညစ်အကြေးစွန့်ခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။ 
 
(၇) ဦးနှောက်ဆဲလ် ကြီးထွားခြင်း၊ ရောင်ရမ်းခြင်းကို ကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်လုပ်ဆောင်ချက် မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ ဗျူတိုင်ရိတ်လိုမျိုး ဖက်တီးအက်ဆစ်ချိန်းတိုများကို ပိုမိုထုတ်လုပ်ပေးပါတယ်။ 
 
(၈) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အကာအကွယ်ပေးသလို အန္တရာယ်ရှိပစ္စည်းတွေ သွေးထဲမရောက်အောင် ကာကွယ်ပေးပြီး သွေးကြောစနစ် ရောင်ရမ်းခြင်းကို ကာကွယ်ပေးပါတယ်။ 
 
(၉) ကိုယ်ခံအားစနစ်ရဲ့ ၇၀ မှ ၈၀ ရာခိုင်နှုန်းလောက်က အူလမ်းကြောင်းနဲ့ သက်ဆိုင်နေပြီး ရောဂါတွေကို ကာကွယ်ရာမှာ အရေးပါပါတယ်။ 
 
(၁၀) ဖိစီးမှုကို တုန့်ပြန်ထိန်းညှိပေးတာကြောင့် စိုးရိမ်းပူပန်စိတ်နဲ့ စိတ်ဓာတ်ကျခြင်းတို့ကို သက်သာစေပါတယ်။ 
Source: DoctorNDTV.  
#World_Health
#YMG #Yangon_Times
#Yangon_Media_Group