Published 04 November 2023

ကိုမိုဒိုနဂါးတွေဟာ ဆန်းကြယ်ဝတ္ထုဇာတ်လမ်းတွေထဲကလို မီးမှုတ်တဲ့သတ္တဝါ မဟုတ်ပေမယ့် တကယ့်အသားစား ပုတ်သင်မျိုး ဖြစ်နေနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဧရာမရေနေပုတ်သင်တစ်မျိုးဟာ ရေသတ္တဝါတွေအတွက် ကြောက်စရာ ဖြစ်နေခဲ့ဟန်ရှိပါတယ်။

မိုဆာဆော မျိုးစိတ်အသစ်ဟာ ရေကူးတတ်တဲ့ ကိုမိုဒိုနဂါးတွေနဲ့ ဆင်တူပါတယ်။

ကိုမိုဒိုနဂါးကို ရေယက်တပ်ပေးပြီး ပိုကြီးလိုက်မယ်ဆိုရင် ထိုသတ္တဝါနဲ့ ဆင်တူသွားမယ်လို့ ရစ်ချတ်ဂီလ်ဒါဘွဲ့ရ အမယ်လီယာဇက်လိုက ပြောပြခဲ့ပါတယ်။

ယခုတွေ့ရှိချက်အသစ်ကို ဒါကိုတာမြောက်ပိုင်းမှ သုတေသီများက ရှာတွေ့ခဲ့တာဖြစ်ပြီး မိုဆာဆောအရိုးငြမ်း ဆန်းစစ်ချက်အရ မျိုးစိတ်အသစ် ဖြစ်နေပါတယ်။

မျိုးစိတ်အသစ်က ရေယက်များပါရှိပြီး ၂၄ ပေခန့်ရှည်လျားပါတယ်။

ဒီမျိုးစိတ်အသစ်ကို Jormungandr walhallaensis လို့အမည်ပေးထားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၈၀ ခန့်က သမုဒ္ဒရာတွေမှာ နေထိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒီရုပ်ကြွင်းဟာ သုတေသီတို့နားမလည်တဲ့ ဘူမိကာလအချိန်က ဖြစ်ကြောင်း မြောက်ဒါကိုတာ ဘူမိစစ်တမ်းမှ ကလင့်ဘွိုက်က ပြောပြသွားကာ အမေရိကန် သဘာဝသမိုင်းပြတိုက်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
Source: WION
#World_Science
#Yangon_Times
#Published_ 04 November 2023
#YMG #Yangon_Times #Yangon_Media_Group