#Local_News
Published-24 October 2023


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန်ငါး လေလံဈေး အတွင်းသို့ Drone အသုံးပြု၍ ဗုံးသီးများပစ်ချတိုက်ခိုက်ခဲ့သောကြောင့် ဈေးဝယ်နေသည့် ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ယနေ့မွန်းလွဲပိုင်းတွင် ဈေး၏ အနောက်မြောက်ဘက်မီတာ ၅၀၀ ခန့်အကွာမှနေ၍ Drone အသုံးပြုကာ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အသက်(၁၄)နှစ်အရွယ် ကလေး ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်း ကြောင့် ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

#Yangon_Times/PP #Local_News #Drop ဗုံးများပစ်ချ #ကလေးတစ်ဦးဒဏ်ရာရ