Published 24 October 2023

လူတစ်ယောက်ရဲ့ စွမ်းအင်လို့ ဆိုရာမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ခွန်အားပါ ပါဝင်ပါတယ်။

နေ့စဥ်လှုပ်ရှားပြုမူနေတဲ့ အလေအကျင့်တွေက စွမ်းအင်ပမာဏအပေါ် သက်ရောက်နေပါတယ်။

ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ညီညွတ်မျှတစွာ စားသုံးခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်းတို့ဖြင့် စွမ်းအင်မြှင့်တင်နိုင်သလို အချို့သော အလေ့အကျင့်တွေကြောင့် စွမ်းအင်ကို လျော့ကျစေနိုင်ပါတယ်။

 
(၁) ညဥ့်နက်တဲ့အထိ အိပ်စက်ပြီး အိပ်ချိန်မလုံလောက်ပါက အားအင်ကို သိသိသာသာ လျော့ကျစေပါတယ်။
 
(၂) တစ်နေ့သုံးနပ်စားခြင်းနဲ့ ပတ်သက်ပြီး မစားမသောက်ဘဲနေပါက သွေးတွင်းသကြားဓာတ် လျော့ကျစေကာ နွမ်းနယ်ခြင်းကို ဖြစ်စေတာကြောင့် တစ်နေ့တာလုံး ညီညွတ်မျှတစွာ စားပေးဖို့ လိုအပ်ပါတယ်။
 
(၃) အချိန်ကြာမြင့်စွာ ထိုင်နေခြင်းဖြင့် ပင်ပန်းနုံးချည့်မှု ခံစားရနိုင်ပါတယ်။
 
(၄) ကဖင်းဓာတ်က ယာယီအားဖြင့် စွမ်းအင်ပေးစွမ်းနိုင်ပေမယ့် အလွန်အကျူး မှီခိုလွန်းရင်တော့ အားအင်ယုတ်လျော့စေပါတယ်။
 
(၅) ရေအလုံအလောက် မသောက်ပါက ရေဓာတ်ခန်းခြောက်နိုင်ပြီး အားအင်လျော့ပါးစေပါတယ်။
 
(၆) သဘာဝအလင်းရောင် လုံလောက်စွာ မရပါက ခန္ဓာကိုယ်ထဲရှိ နေ့ညလည်ပတ်မှုစက်ဝန်းကို နှောင့်ယှက်စေကာ အားအင်ပမာဏကို ထိခိုက်စေပါတယ်။
 
(၇) အချိုဓာတ်များတဲ့ စားစရာတွေ စားသုံးပါက သွေးတွင်းသကြားဓာတ် မြင့်တက်စေပြီး စွမ်းအင်ဖြစ်ပေါ်မှုကို ပျက်စီးစေပါတယ်။
 
(၈) ဖိစီးမှုရေရှည်ခံစားရတဲ့အခါ စွမ်းအင်ယုတ်လျော့စေပြီး ကျန်းမာရေးကို ဆိုးရွားစေပါတယ်။
 
(၉) လူမှုပေါင်းသင်းရေးမရှိဘဲ အထီးကျန်ဆန်ရင်လည်း အားအင်ယုတ်လျော့စေပါတယ်။
 
(၁၀) အချိန်ကို စီမံခန့်ခွဲခြင်းမရှိဘဲ လုပ်စရာတွေ စုပြုံနေတယ်ဆိုရင် ပင်ပန်းအားကုန်စေပါတယ်။
 
အားအင်လျော့နည်းစေတဲ့ အလေ့အကျင့်တွေကို လျှော့ချပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ခြင်းဖြင့် အားအင်မြင့်မားနေစေမှာ ဖြစ်ပါတယ်။
Source: DoctorNDTV.
#World_Health
#Published_ 24 October 2023
#YMG #Yangon_Times #Yangon_Media_Group