၂၂ အောက်တိုဘာ ၂၀၂၃

ရုရှားအနေနှင့် နိုင်ငံအတွက် တရားဝင်လုံခြုံရေးအကျိုးစီးပွားအကာအကွယ်ဖြစ်စေမယ်ဆိုရင် ယူကရိန်း  အကျပ်အတည်း  အတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုအပေါ် ထောက်ခံအားပေးသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်တာဗျူးတစ်ခုမှာ ပြောကြားလိုက်ပါတယ်၊

မော်စကိုမှာ အောက်တိုဘာလလယ်ပိုင်းက တရုတ်မီဒီယာအုပ်စုက ပြုလုပ်တဲ့ အဆိုပါအင်တာဗျူးမှာ အနောက်နိုင်ငံတွေဟာ ရုရှားပါဝင်ပတ်သက်မှုမတိုင်ခင် အရှေ့ယူကရိန်းမှာ စစ်ဆင်ရေးတွေကို အရင်အစပျိုးခဲ့ကြတယ်လို့ ပူတင်က ပြောပါတယ်။

Source CCTV+