Published_ 21 October 2023

သိပ္ပံနည်းအရ Digitalis လို့ခေါ်တဲ့ ခေါင်းလောင်းပန်းဟာ ထူးခြားကွဲပြားတဲ့ ပန်းပွင့်မျိုးဖြစ်ပြီး ကျက်သရေရှိစွာဖြင့် ပြွန်ပုံသဏ္ဍာန်ပန်းပွင့်ကာ ဆေးဘက်ဆိုင်ရာမှာ များပြားတဲ့ သမိုင်းကြောင်းတွေ ရှိပါတယ်။

ဥရောပနဲ့ အာရှတို့မှာ အစပြုခဲ့ပြီး တစ်ကမ္ဘာလုံးမှာ နှစ်သက်စွာ စိုက်ပျိုးနေကြပါပြီ။

ခရာပုံသဏ္ဍာန် ပန်းပွင့်နဲ့ ပန်းရောင်၊ ခရမ်းရောင်၊ အဖြူရောင် အမျိုးမျိုးပွင့်တတ်ကာ ဘယ်ဥယျာဥ်မှာမဆို တင့်တယ်မှာဖြစ်ပေမယ့် နှလုံးပေါ်မှာ ပြင်းထန်စွာသက်ရောက်စေတဲ့ ဒိုင်ဂေါက်ဆင်ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

ခေါင်းလောင်းပုံပန်းဟာ လူကို နှလုံးဖောက်ခြင်း ဖြစ်စေတယ်လို့လည်း ပြောနေကြပါတယ်။

သူ့မှာ အာနိသင်အလွန်ပြင်းတဲ့ ကာဒီအိတ်ဂလိုင်ကိုဆိုဒ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ကျန်းမာတဲ့ နှလုံးအင်္ဂါဟာ ခန္ဓာကိုယအနှံ့သို့ သွေးများညှစ်ထုတ်ပေးပြီး ထောင်နဲ့ချီတဲ့ နှလုံးဆဲလ်တွေက အလုပ်လုပ်ပေးရပါတယ်။

ထိုဆဲလ်အမြှေးပါးတွေကနေ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်တို့လို အမှုန်တွေကို အိုင်းယွန်းလမ်းကြောင်းတွေနဲ့ ပို့ဆောင်ရေးပစ္စည်းတွေမှ ဖြတ်သန်းစေပါတယ်။

ခေါင်းလောင်းပုံပန်း အမျိုးအစားအားလုံးမှာ ဒိုင်ဂေါက်ဆင်ကဲ့သို့ ကာဒီအိတ်ဂလိုင်ကိုဆိုဒ် အချို့ပါဝင်ပြီး ထိုအိုင်းယွန်းတွေ ညှစ်မထုတ်နိုင်အောင် တားဆီးလိုက်ပါတယ်။

နှလုံးဆဲလ်တွေမှာ ဓာတုဆိုင်ရာ ပြဿနာများ ပေါ်လာပြီး နှလုံးခုန်နှုန်း ပိုပိုပြီးမြန်လာပါတယ်။

နှလုံးစည်းချက်အပေါ် နှောင့်ယှက်မှုဖြစ်ပေါ်လာပြီး ရုတ်တရက် နှလုံးရပ်ခြင်းနဲ့ အသက်သေဆုံးခြင်းအထိပင် ဖြစ်ပွားနိုင်ပါတယ်။

ဒါပေမဲ့ ဒိုင်ဂေါက်ဆင်ဟာ နှလုံးအလုပ်မလုပ်နိုင်တဲ့ လူတွေမှာ ဆေးဝါးဖြင့်သုံးစွဲကြကာ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးလည်း ရှိနေပါတယ်။

ထိုပန်းရဲ့ မည်သည့်အစိတ်အပိုင်းဖြစ်ဖြစ် မတော်တဆ စားသုံးမိပါက ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားရောက်သင့်ပါတယ်။
Source: NDTV
#World_Science
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group