ကမ္ဘာပေါ်က အကြီးမားဆုံး နည်းပညာပြပွဲကြီးဖြစ်တဲ့ ၄၃ ကြိမ်မြောက် ပင်လယ်ကွေ့ အိုင်တီပြပွဲ(GITEX)ကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပါတယ်။

၅ ရက်တာကျင်းပတဲ့ပွဲမှာ နိုင်ငံပေါင်း ၁၈၀ မှ နာမည်ကြီး အမှတ်တံဆိပ်များ အပါအဝင် ကုမ္ပဏီပေါင်း ၆ ထောင်ကျော် ပါဝင်ခဲ့ပြီး သူတို့ရဲ့ နောက်ဆုံးပေါ် ပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြပါတယ်။
ထိုပွဲသို့ ကမ္ဘာတဝှမ်းမှ လူပေါင်း ၁၈၀,၀၀၀ ကျော် လာရောက်ခဲ့ကြတယ်လို့ ခန့်မှန်းရပါတယ်။
ပြပွဲကြီးမှာ ပြခန်းပေါင်း ၄၁ ခန်းပါဝင်ပြီး ဉာဏ်ရည်တုနဲ့ သက်ဆိုင်တဲ့ ပြခန်းတွေက ၁၀ ခန်းပါဝင်ပြီး အဆိုပါ လုပ်ငန်းကုမ္ပဏီပေါင်း ၃,၅၀၀ ကျော် စုစည်းပြသထားပါတယ်။
#World_Event
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group