၁၈ အောက်တိုဘာ ၂၀၂၃

ဂါဇာဆေးရုံမှာ ပေါက်ကွဲကြီးတစ်ခုဖြစ်ပွားခဲ့ပြီး လူရာချီသေဆုံးခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အာရပ်      ခေါင်းဆောင်တွေ ဂျော်ဒန်မှာ တွေ့ဆုံဆွေးနွေးကြမယ့် ထိပ်သီးအစည်းအဝေးအစီအစဉ်ကို အာရပ်ဘက်က ဖျက်သိမ်းပစ် လိုက်ပါတယ်။

အဲဒါကြောင့် အစ္စရေးဟာ ကိုယ့်ကိုကိုယ်ကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အပေါ်ရပ်တည်ပေးဖို့ ဘိုင်ဒင်ရဲ့ သံတမန်ရေးကြိုးပမ်း  မှုဟာ နှောင့်နှေးသွားပြီဖြစ်ပါတယ်။

ဂါဇာဆေးရုံတစ်ရုံပေါက်ကွဲမှာမှာ လူရာချီသေဆုံးခဲ့တဲ့အပေါ် ဟာမတ်စ်နှင့်အစ္စရေးတို့က တစ်ဖက်နှင့်တစ်ဖက် လွှဲချခဲ့ကြ ပါတယ်။

ဘိုင်ဒင်ဟာ ဒီကနေ့မှာ အစ္စရေးကိုထောက်ခံကြောင်းပြသဖို့ အစ္စရေးကိုရောက်လာဖို့ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဂျော်ဒန်နိုင်ငံ အာမန်မှာကျင်းပမယ့် ဘိုင်ဒင်နှင့် ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းလိုက်တယ်လို့ ဂျော်ဒန်  နိုင်ငံခြားရေးဝန်ကြီး အာမန်ဆာဖာဒီက ကြေညာခဲ့တာဖြစ်ပါတယ်။ အဆိုပါထိပ်သီးအစည်းအဝေးမှာ ဘိုင်ဒင်နှင့်အတူ ဂျော်ဒန်ဘုရင် အက်ဘ်ဒူလာ၊အီဂျစ်သမ္မတ အက်ဘ်ဒဲလ်ဖာတာ့ အယ်ဆီဆီနှင့် ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘားတို့ တွေ့ဆုံကြဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဘိုင်ဒင်က လူပေါင်း ၁၃၀၀ကျော်သေဆုံးခဲ့ရတဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲမှာ အစ္စရေးကို ထောက်ခံထားပါတယ်။

ဆော်ဒီအာရေဗျ၊ယူအေအီး၊ဘာရိန်း၊အီဂျစ်၊ဂျော်ဒန်နှင့် တူရကီတို့က ဂါဇာမှာရှိတဲ့ အယ်အာလီအာရပ်ဆေးရုံဗုံးပေါက်ကွဲမှု အတွက် အစ္စရေးကို စွပ်စွဲထားပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နာတာညာဟုကတော့ ဒါဟာ ဂါဇာက အကြမ်းဖက်တွေမှာတာဝန်ရှိတယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

Source NDTV