Published_ 24 September 2023

ညဘက်နောက်ကျမှ အချို့သော စားစရာတွေ စားသောက်ခြင်းဖြင့် အိပ်ပျော်ဖို့ ခက်ခဲစေတတ်ပြီး ဒီလိုမျိုး ညဘက်အိပ်ပျော်ဖို့ကို အနှောင့်အယှက်ဖြစ်စေတဲ့ စားစရာ  ၅ မျိုးကို Benenden Health မှာ ဖော်ပြထားပါတယ်။

ညဘက်နောက်ကျမှ မစားသောက်သင့်သလို ဗိုက်ဟောင်းလောင်းအနေနဲ့လည်း မအိပ်သင့်ကြောင်း၊ စားသောက်တဲ့ ပမာဏကို အချိုးကျ ပိုင်းခြားသင့်သလို ညအိပ်ခါနီးချိန်မှ ကော်ဖီနဲ့ သကြားစားသောက်တာကိုလည်း ရှောင်ရှားသင့်တယ်လို့ ပညာရှင်များက မှတ်ချက်ပြုထားပါတယ်။

ဒါကြောင့် ညအိပ်ခါနီး မစားသင့်တဲ့ စားစရာများကို ဖော်ပြလိုက်ပါတယ်။
 
(၁) ချောကလက်
ချောကလက်မှာ ကဖင်းဓာတ်ပါဝင်တာကြောင့် ညအိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။
 
(၂) ဒိန်ခဲ
အချို့သော ချိစ်တွေနဲ့ ဝက်ပေါင်ခြောက်၊ ကြက်သားနဲ့ ပက်ပါရိုနီတို့လို ထိန်းသိမ်းထားတဲ့ အသားတွေမှာ တိုင်ရာမင်းပမာဏ မြင့်မားစွာပါဝင်ပြီး နာရီအချို့ကြာတဲ့အထိ နိုးကြားနေစေပါတယ်။
 
(၃) အချို့သောဟင်းလျာ
ဟင်းလျာတွေနဲ့ အစပ်ပါဝင်တဲ့ စားစရာတွေမှာ ကပ်ဆိုင်စင်ပါဝင်ပြီး ခန္ဓာကိုယ်အပူချိန် ထိန်းညှိခြင်း ဖြစ်ပေါ်စေတာကြောင့် အိပ်စက်မှုကို နှောင့်ယှက်စေပါတယ်။
 
(၄) ရေခဲမုန့်
လူတွေက ထမင်းစားပြီးရင် အချိုပွဲအနေနဲ့ ရေခဲမုန့်လေး စားချင်ကြပေမယ့် အိပ်ချိန်နဲ့ အရမ်းကြီး နီးကပ်မနေဖို့ လိုအပ်ပါတယ်။
ဒီလိုစားစရာတွေက သွေးထဲက သကြားဓာတ်ကို မြင့်တက်စေကာ အိပ်ပျော်ကာစအချိန်မှာ ထိုးကျသွားပြီး ခန္ဓာကိုယ်ကို နိုးကြားစေပါတယ်။
 
(၅) အာလူးကြော်
အငန်ဓာတ်ပါဝင်တဲ့ စားစရာတွေထဲက ဆားဓာတ်ကြောင့် ရေခန်းခြောက်ခြင်း ဖြစ်ပေါ်စေပြီး ရေပိုမိုဆွဲထားကာ ပင်ပန်းနွမ်းနယ်စေပါတယ်။
ဒါဟာ ပိုမိုအိပ်ပျော်စေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေတယ်လို့ European Society of Endocrinology က လေ့လာဖော်ပြထားပါတယ်။
 
ချယ်ရီသီး၊ ပျားရည်၊ ငှက်ပျောသီး၊ ကြက်ဆင်၊ ဗာဒံသီးတို့ကတော့ မယ်လာတိုနင် ပိုမိုထွက်ရှိစေကာ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။
Source: New York Post.
#World_Health
#YMG #Yangon_Times #Yangon_Media_Group