Published 9 Nov 2021

တရုတ်နိုင်ငံက လေယာဉ်တင်သင်္ဘောအပါအဝင် အမေရိကန်စစ်သင်္ဘောများနှင့်အရွယ်အစားနှင့်ပုံစံတူပုံရသော  ကောက်ကြောင်းလိုင်းများ တည်ဆောက်နေတာကို ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရကြောင်းနှင့် ပစိဖိတ်တွင် အဲဒါတွေဟာ ဖြန့်ကျက်ချထားသည့် အပြင်းထန်ဆုံးသော အမေရိကန်လက်နက်အချို့ကို  တိုက်ခိုက်ရန်လေ့ကျင့်နေသည့် ပစ်မှတ်တွေ ဖြစ်ဖွယ်ရှိတယ်လို့ AFP ကသတင်းရေးပါတယ်

အမေရိကန်ရဲ့ လေယာဉ်တင်စစ်သင်္ဘောအုပ်စုဟာ အမေရိကန်ရဲ့ လက်နက်ခဲယမ်းတွေထဲမှာ အင်အားအပြင်းထန်ဆုံး စစ်လက်နက်တွေထဲက အချို့ဖြစ်ပါတယ်။

အဲဒီထဲမှာ တစ်ခုကတော့ အမှတ်(၇)ရေတပ်သင်္ဘောစုနှင့် ပစိဖိတ်မှာ အတူဖြန့်ကျက်ထားတာဖြစ်ပြီး ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်တို့လို အရေးကြီးတဲ့ ပေါက်ကွဲလုလုအခြေအနေရှိနေတဲ့နေရာတွေကို စောင့်ကြည့်နေကြပါတယ်။

တရုတ်ဟာ နှစ်ပေါင်းများစွာကတည်းက သင်္ဘောဒုးကျည်ဖျက် စနစ်ကို တည်ဆောက်လာခဲ့ကြပါတယ်။ လေယာဉ်တင်သင်္ဘောတွေကို ထုတ်ယူပစ်နိုင်တဲ့စွမ်းရည်တွေလည်းပါဝင်ပါတယ်။

မက်ဇာနည်းပညာကုမ္ပဏီက အေအက်ဖ်ပီကို ပြီးခဲ့တဲ့လက ပေးပို့သော ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသရဲ့ တက်လာမာကန်သဲကန္တာရထဲမှာ အမေရိကန်စစ်သင်္ဘောတွေနှင့် အလားသဏ္ဍန်တူတဲ့ အောက်လိုင်းကြီးတွေကို မြင်တွေ့ကြရတာဖြစ်ပါတယ်။

အဲဒီအထဲမှာ အနည်းဆုံးတစ်ခုကတော့ လေယာဉ်တင်သင်္ဘောပုံဖြစ်ပြီး နောက်တစ်ခုကတော့ ဖျက်သင်္ဘောပုံဖြစ်ပါတယ်။ နောပစ်မှတ်တစ်ခုကိုတော့ ရထားပို့ဆောင်ရေးစနစ်နှင့် ချိတ်ဆက်ထားတဲ့ပုံမြင်ရပါတယ်။

အခုဂြိုဟ်တုဓာတ်ပုံတွေကို သုံးသပ့်ကြည့်တဲ့အခါ အဲဒီပစ်မှတ် ဖွဲ့စည်းမှုတွေကို ၂၀၁၉ မတ်လနှင့် ဧပြီလအတွင်းက စတင် တည်ဆောက်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ရေတပ်အင်စတီကျူက ပြောပါတယ်။

အဲဒါတွေကို ထပ်တလဲလဲပြန်တည်ဆောက်ပြီး ၂၀၁၉ ဒီဇင်ဘာလမှာ ဖြည်းဖြည်းချင်း ဖြိုဖျက်ခဲ့ပါတယ်။ ဒီနှစ်စက်တင်ဘာလကုန်ခန့်မှာ အဲဒီနေရာပြန်လည်အသက်ဝင်လာပြီး အောက်တိုဘာလမှာ တည်ဆောက်တာတွေပြီးစီးခဲ့ပါတယ်လို့ အမေရိကန် ရေတပ်အင်စတီကျူက ထောက်လှမ်းရေးကုမ္ပဏီ AllSourceရဲ့ လေ့လာဆန်းစစ်မှုကို ကိုးကားပြီးပြောပါတယ်။ အဲဒီနေရာဟာ အရင်တုန်းက ဒုံးကျည်တွေ စမ်းသပ်ခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဓာတ်ပုံတွေအကြောင်းကိုမေးကြည့်တဲ့အခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရသူ ဝမ်ဝေဘင်းက “အဲဒီအခြေအနေကို သူသတိမထားမိဘူး” လို့ပြန်ဖြေပါတယ်။
Source AFP