အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် မာဝီကျွန်းပေါ် အကြီးအကျယ်ဖျက်ဆီးခဲ့တဲ့ တောမီးကြောင့် ယနေ့အထိ လူရာ ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ယခုအခါ မီးလောင်ပြင်ရဲ့ ၉၉ ရာခိုင်နှုန်းကို ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီးပါပြီ။

ဩဂုတ်လ (၈)ရက်ကစခဲ့တဲ့ တောမီးကြောင့် လူပေါင်း ၁၁၅ဦး အနည်းဆုံး သေဆုံးခဲ့ရပါတယ်။ဒါဟာ အမေရိကန်နိုင်ငံ သမိုင်းမှာ ရာစုနှစ်တစ်စုကျော်အတွင်း အဆိုးရွားဆုံး တောမီးလောင်မှုကြီးဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဟာဝိုင်ယီသမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်လည်းဖြစ်ပါတယ်။ Source CCTV+