၂၄ ဩဂုတ် ၂၀၂၃

အသစ်ခန့်အပ်ခံရတဲ့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းဟာ အကြံဉာဏ်များရယူဖို့ သူ့အလျင်ဝန်ကြီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာကို အစိုးရရုံးတွင် ကြာသပတေးနေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းအရသိရပါတယ်။

ဖွေထိုင်းပါတီမှ မစ္စတာ ဆရက်သာဟာ ကြာသပတေးနေ့ ဩဂုတ် ၂၄ ရက် မနက်၁၁နာရီ ၅မိနစ်မှာ ဗိုလ်ချုပ်ကြီး ပရာရွတ်နှင့် တွေ့ဆုံဖို့ တိုရိုတာ အယ်လ်ဖတ်ကားအနက်ရောင်ကြီးနဲ့ ရောက်ရှိလာကြောင်းသတင်းကရေးသားပါတယ်။  အိမ်ခြံမြေသူဋ္ဌေးဟောင်းကြီးဖြစ်တဲ့ ဆရက်သာဟာ ထိုင်းဘုရင်မင်းမြတ်ထံမှ ထိုင်းနိုင်ငံရဲ့ ၃၀ဦးမြောက်ဝန်ကြီးချုပ်အဖြစ် ထောက်ခံမှုရရှိပြီးနောက်တွင် ဗိုလ်ချုပ်ကြီးပရာရွတ်နှင့်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်အသစ်ကို ယခင် ဝန်ကြီးချုပ်ဟောင်းယင်လတ်ရှင်နာဝတ်ထရာရဲ့ ရဲသက်တော်စောင့်လုပ်ခဲ့ဖူးတဲ့ ရဲမှူးကြီး ဝါသန်ယု ဝက်ချရာပါလော့ထိုင်း စောင့်ကြပ်လိုက်ပါခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံရာမှာ ဝန်ကြီးချုပ်တာဝန်ပြီးဆုံးတော့မည့် ဗိုလ်ချုပ်ကြီးပရာရွတ်ရဲ့ ယူနိုက်တက်ထိုင်းနေရှင်း (ယူတီအင်န်)ပါတီရဲ့ ခေါင်းဆောင်နှင့် အထွေထွေအတွင်းရေးမှူး ပီရာပန်ဆာလီရာသာဗီဘာဂါလည်း တက်ရောက်ပါတယ်။

တွေ့ဆုံမှုဟာ မိနစ် ၄၀မှ ၄၅ မိနစ်အထိကြာမြင့်ခဲ့ပါတယ်။

မစ္စတာဆရက်သာဟာ နိုင်ငံရေးအတွေ့အကြုံ နည်းပါးပေမယ့် သူဟာ ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ သက်ဆက်နှင့် နှမဖြစ်သူ ယင်လတ်တို့ရဲ့ လူယုံတစ်ဦးအဖြစ်နှစ်ရှည်လများရပ်တည်ခဲ့သူဖြစ်ပါတယ်။

Source: Bangkok Post