Published_ 23 August 2023

ဆေးတစ်တောင့်ထဲမှာပဲ ဆေး ၃ မျိုးပေါင်းစပ်ပါဝင်တဲ့ ပိုလီဆေးလို့ခေါ်တဲ့ နှလုံးဆေးတစ်မျိုးကို WHO ရဲ့ မရှိမဖြစ်ဆေးဝါးများစာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။

နှလုံးရောဂါအခံနဲ့ နှလုံးဆက်စပ် ရောဂါရှိသူတွေမှာ နောက်ထပ် ထပ်မဖြစ်ပွားအောင် ရည်ရွယ်ထုတ်လုပ်တာ ဖြစ်ပါတယ်။

ဒါကို ဖန်တီးထုတ်လုပ်နိုင်ဖို့ လေ့လာချက်ပေါင်းများစွာဖြင့် အချိန် ၁၅ နှစ်ကြာသွားခဲ့ပါတယ်။

WHO ရဲ့ မရှိမဖြစ်ဆေးဝါးစာရင်းဟာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များနဲ့ ကိုက်ညီပြီး ကျန်းမာရေးတိုးတက်ကောင်းမွန်စေနိုင်ကာ အသက်တွေကို ကယ်ဆယ်နိုင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ထိုပိုလီဆေးထဲမှာ လူနာများ ပထမဆုံးအကြိမ် နှလုံးဖောက်ပြီးနောက် ကုသလေ့ရှိတဲ့ဆေးများ ပါဝင်ပါတယ်။

ထိုဆေးဟာ အရင်က နှလုံးရောဂါနဲ့ ဆက်စပ်ဖြစ်ဖူးခဲ့တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း နယူးအင်္ဂလန် ဆေးဘက်ဆိုင်ရာဂျာနယ်မှာ ၂၀၂၂ ဩဂုတ်လက ဖော်ပြခဲ့ဖူးပါတယ်။

ထိုဆေးဟာ အရင်က နှလုံးဖောက်ခြင်းမျိုး ခံစားရဖူးသူတွေမှာ နှလုံးသွေးကြောရောဂါကြောင့် သေဆုံနိုင်ချေကို ၃၃ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိထားပါတယ်။

ထိုဆေး ၃ မျိုးထဲမှာ သွေးခဲခြင်းကို ကာကွယ်ပေးတဲ့ အက်ဆီတိုင်လ်ဆယ်လီစလစ်အက်ဆစ်၊ သွေးပေါင်ချိန်ချပေးတဲ့ ရာမီပရေးလ်၊ ကိုလက်စ်ထရောလ်ချပေးတဲ့ အေတိုဗာစတက်တင်တို့ ပါဝင်ပါတယ်။

လူနာတစ်ဦးဟာ ဆေး ၃ မျိုး ၃ စားကို နေ့စဥ်သောက်သုံးရန် မလွယ်ကူဘဲ ဆေးတစ်တောင့်တည်းဆိုရင် ပိုမိုအဆင်ပြေသွားမှာ ဖြစ်ပါတယ်။

နှလုံးကြွက်သားပုပ်ခြင်းမျိုး ခံစားရပြီးသူတွေမှာ နောက်တစ်ကြိမ် ထိရောက်စွာကာကွယ်နိုင်ဖို့ ထိုဆေးကို အသုံးပြုရန် အရေးကြီးကြောင်း သုတေသနအဖွဲ့က ဆိုပါတယ်။

ထိုဆေးကို Trinomia, Sincronium, Iltria အမှတ်တံဆိပ်များဖြင့် နိုင်ငံအလိုက် ရောင်းချပေးနေပါတယ်။

ပိုလီဆေးဟာ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ရောင်းချနေပြီး အမေရိကန်မှာ အသုံးပြုဖို့အတွက်တော့ FDA က ခွင့်ပြုချက် မပေးသေးပါဘူး။
Source: New York Post
#World_Health
#YMG #Yangon_Times