Published 23 August 2023

အမေရိကန်ကမ်းရိုးတန်းမှာ ရှားပါးအသားစား ဘက်တီးရီးယားတစ်မျိုးကြောင့် လူ ၈ ဦးသေဆုံးခဲ့ရာ အာဏာပိုင်များက ပင်လယ်ထဲ ရေကူးခြင်းနဲ့ အခွံမာငါးများ စားသုံးခြင်းကို ရှောင်ရှားရန် သတိပေးလိုက်ပါတယ်။

ဖလောရီဒါမှာ vibrio vulnificus ဘက်တီးရီးယားကြောင့် လူ ၅ ဦးသေဆုံးခဲ့ကာ နောက်ထပ် ၃ ဦးကတော့ လောင်းအိုင်လန်၊ နယူးယော့ခ်၊ ကွန်နက်တီကပ်တို့မှ ဖြစ်ပါတယ်။

အရေပြားမှာ ဒဏ်ရာရထားသူများ အနေနဲ့ ရောဂါကူးစက်ခြင်း မဖြစ်ရအောင် ပင်လယ်ရေနဲ့ ဝေးဝေးနေဖို့ ကျန်းမာရေးတာဝန်ရှိသူများက သတိပေးထားပါတယ်။

ကွန်နက်တီကပ်မှာ သေဆုံးတဲ့လူ ၂ နှစ်ဦးက အတ္တလန္တိတ်သမုဒ္ဒရာ ဒီရေမြစ်ဝကျွန်း လောင်းအိုင်လန်ဆောင်းမှာ ရေကူးခဲ့တယ်လို့ သိရပါတယ်။

နောက်တစ်ယောက်ကတော့ ကမာကောင်အစိမ်းများ စားပြီးနောက် ဆေးရုံတင်လိုက်ရတယ်လို့ သိရှိရပါတယ်။

vibrio ဘက်တီးရီးယားတွေက ရှားပါးပေမယ့် ကံဆိုးစွာနဲ့ ရောက်လာတတ်ပြီး အင်မတန်အန္တရာယ်များပါတယ်လို့ နယူးယော့ခ်အုပ်ချုပ်ရေးမှူး ကေသီဟိုချူလ်က ပြောကြားလိုက်ပါတယ်။

လိုအပ်တဲ့ ကာကွယ်ရေး အတိုင်းအတာများ ဆောင်ရွက်ရန်၊ အရေပြားဒဏ်ရာရထားသူများ အနေနဲ့ ပင်လယ်နဲ့ ဝေးဝေးနေရန်၊ ကိုယ်ခံအား မကောင်းသူများအနေနဲ့ အခွံမာငါးများ စားသုံးခြင်းကို ရှောင်ရှားရန် အရေးကြီးကြောင်း ထုတ်ပြန်ထားပါတယ်။

ဖလော်ရီဒါမှာ vibrio vulnificus ဘက်တီးရီးယား ကူးစက်မှုကြောင့် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလနောက်ပိုင်း ကူးစက်မှု ၇၄ ခုနဲ့ သေဆုံးသူ ၁၇ ဦးရှိထားပါတယ်။

ခန့်မှန်းချက်များအရ အမေရိကန်မှာ အဆိုပါဘက်တီးရီးယားကူးစက်မှုကြောင့် နှစ်စဥ်ကူးစက်ခံရသူ ၈ သိန်းခန့်နဲ့ သေဆုံးသူ ၁၀၀ ခန့်ရှိနေပြီး ကူးစက်မှုအများစုက ရာသီဥတုပူနွေးချိန် နွေရာသီဖြစ်ပါတယ်။

ကျက်အောင် မချက်ထားတဲ့ အခွံမာငါးမျိုးတွေ စားသုံးရာကနေ ကူးစက်ပါက အစာအိမ်အူလမ်းကြောင်း လက္ခဏာများအပြင် ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ အော့အန်ခြင်းတို့ပါ ဖြစ်ပွားနိုင်ပါတယ်။
Source: The Telegraph
#World_Health
#အမေရိကန် #ရှားပါးအသားစားဘက်တီးရီးယားကူးစက်မှု #လူ(၈)ဦးသေဆုံ
#YMG #Yangon_Times