#World_Health
Published 20 August 2023


ငယ်ရွယ်စဉ်မှာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းအောင် ပြုလုပ်ထားခြင်းဖြင့် ကင်ဆာဖြစ်နိုင်ချေ လျှော့ချနိုင်ကြောင်း လေ့လာချက်အသစ် တွေ့ရှိထားပါတယ်။

 

ဗြိတိန်အားကစားဆေးဘက်ဆိုင်ရာ ဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ရာမှာ ငယ်ရွယ်စဉ်မှာ လေ့ကျင့်ခန်းများပြုလုပ်ပြီး ကြံ့ခိုင်သန်စွမ်းနေခြင်းဖြင့် နောက်ပိုင်းမှာ ကင်ဆာ ၉ မျိုးဖြစ်နိုင်ချေ လျော့နည်းစေပါတယ်။

 

ဒီကင်ဆာတွေထဲမှာ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်နဲ့ အဆုတ်ကင်ဆာတို့ ပါဝင်ပါတယ်။

 

အဆိုပါလေ့လာတွေ့ရှိချက်များကို ပြည်သူ့ကျန်းမာရေးမူဝါဒ ချမှတ်ရေးမှာ အသုံးပြုနိုင်ပြီး လူငယ်များအတွက် နှလုံးသွေးကြောဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှု တိုးတက်လာစေရန် ရည်ရွယ်ကာ ဆောင်ရွက်ချက်များ မြှင့်တင်ဖို့အတွက် အခွင့်အရေး ဖြစ်လာစေနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။



အသက် ၁၈ နှစ်အရွယ်မှာ စစ်ရေးလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တဲ့ အမျိုးသား ၁ သန်းကျော်ကို ဆွီဒင် ဂိုသင်ဘာ့ဂ်တက္ကသိုလ်မှ သုတေသီများက လေ့လာခဲ့ကာ နောက်ထပ် ၃၃ နှစ်ကြာတဲ့အထိ ကင်ဆာရှာဖွေခဲ့ကြပါတယ်။

 

၁၉၆၈ မှ ၂၀၀၅ ခုနှစ်အတွင်း စစ်မှုထမ်းခဲ့တဲ့သူတွေရဲ့ နောက်ခံအချက်အလက်များ၊ ဆေးဘက်ဆိုင်ရာရှာဖွေမှုများ၊ သေဆုံးမှုများကို ခွဲခြိမ်းစိတ်ဖြာခဲ့ပါတယ်။

 

လေ့ကျင့်ခန်းကို အပျော့စား၊ သာမန်၊ အပြင်းစားဆိုပြီး ၃ ဖွဲ့ခွဲခဲ့ပါတယ်။

 

နှလုံးသွေးကြောလေ့ကျင့်ခန်းဆိုတာဟာ လူတစ်ယောက်ရဲ့ သွေးလည်ပတ်မှုနဲ့ အသက်ရှူစနစ်တို့ကနေ အောက်ဆီဂျင်တွေကို စွမ်းအင်အသုံးချခြင်းအတွက် ထောက်ပံ့နိုင်စွမ်းကို တိုင်းတာခြင်း ဖြစ်ပါတယ်။

 

ထိုထဲမှာ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ လှေကားထစ်တက်ခြင်းတို့ ပါဝင်ပါတယ်။

 

လူတွေရဲ့ ကြံ့ခိုင်သန်စွမ်းမှု မြင့်မားလာတာနဲ့အမျှ ကင်ဆာဖြစ်နိုင်ချေလည်း လျော့နည်းလာကြောင်း ဒေါက်တာ'အာရွန်ဝမ်းရက်ပ်'က ပြောပြခဲ့ပါတယ်။

 

ကြံ့ခိုင်မှုနည်းတဲ့သူတွေနဲ့ ယှဉ်တဲ့အခါ ကြံ့ခိုင်မှုအားကောင်းတဲ့သူတွေဟာ ဦးခေါင်းနဲ့ လည်ပင်ကင်ဆာဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းလျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ကြံ့ခိုင်မှုအမြင့်ဆုံးရှိတဲ့ သူတွေက အဆုတ်ကင်ဆာဖြစ်နိုင်ချေ ၄၂ ရာခိုင်နှုန်းလျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။

 

လှုပ်ရှားမှုမရှိတဲ့ လူတွေအတွက် လေ့ကျင့်ခန်းအပြင်းအထန် ၅ မိနစ်ခန့် ပြုလုပ်ပေးခြင်းဖြင့် ကင်ဆာဖြစ်နိုင်ချေလျော့ကျစေနိုင်ကြောင်း JAMA ဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

သာမန်ကနေ အပြင်းအထန်လေ့ကျင့်ခန်းတွေကို နေ့စဉ် ၁၁ မိနစ်ခန့်ပြုလုပ်ခြင်းဖြင့် ကင်ဆာ၊ နှလုံးသွေးကြောရောဂါ၊ အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ ဖြစ်နိုင်ချေ လျော့နည်းနိုင်ပါတယ်။

 

#World_Health ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းအောင်နေထိုင်ခြင်း #ကင်ဆာဖြစ်နိုင်ချေလျော့နည်း
Source: NY Post