#World_Health
Published 20 August 2023


အရွယ်မတိုင်ခင် ဆေးလိပ်သောက်တဲ့ ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်တည်ဆောက်ပုံဟာ သူတို့နဲ့ရွယ်တူ ဆေးလိပ်မသောက်သူတွေနဲ့ ယှဉ်ရင် အတော်လေးကွဲပြားနေကြောင်း တွေ့ရှိထားပါတယ်။

 

ဒီလေ့လာမှုဟာ ဆယ်ကျော်သက်အရွယ်များမှာ ဆေးလိပ်စတင်သောက်ခြင်းနဲ့ ဦးနှောက်ထဲရှိ မီးခိုရောင်သားနေရာပမာဏတို့ကြား ဆက်စပ်မှုအပြင် နီကိုတင်းစွဲလမ်းမှုအကြောင်းကိုပါ ဖော်ပြနေတာဖြစ်ပါတယ်။

 

အသက် ၁၄ နှစ်၊ ၁၉ နှစ်၊ ၂၃ နှစ်ရှိတဲ့ လူငယ် ၈၀၀ ကျော်ပါဝင်တဲ့ ဦးနှောက်ပုံရိပ်များနဲ့ အချက်အလက်များကို ယူကေရှိ ဝါဝစ်ခ်တက္ကသိုလ်နဲ့ တရုတ်ရှိ ဖူဒန်တက္ကသိုလ်၊ ကိမ်းဘရစ်ဂျ်တက္ကသိုလ်တို့မှ သုတေသီများက ပူးပေါင်းလေ့လာခဲ့ကြပါတယ်။

 

ဆေးလိပ်စတင်သောက်ခြင်းဖြစ်စေပြီး စွဲလမ်းသွားစေတဲ့ အာရုံကြောဆိုင်ရာ အချက်များကို ရှာဖွေရန် ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

အသက် ၁၄ နှစ်အရွယ်ကနေ စတင်ဆေးလိပ်သောက်တဲ့ ဆယ်ကျော်သက်တွေဟာ ဆုံးဖြတ်ချက်ချခြင်းနဲ့ စည်းကမ်းချိုးဖောက်ခြင်းဆိုင်ရာ အပြုအမူတွေနဲ့ ပတ်သက်နေတဲ့ ဦးနှောက်အရှေ့လက်ဝဲဘက်ရှိ မီးခိုးရောင်သားနေရာမှာ သိသိသာသာလျော့နည်းလာတာကို တွေ့ရှိခဲ့ကြပါတယ်။

 

မီးခိုးရောင်သားနေရာက ဆယ်ကျော်သက်အရွယ်မှာ ဖွံ့ဖြိုးမှုအထွတ်အထိပ်ရောက်တတ်ပြီး ထိုနေရာလျော့နည်းလာခြင်းက နီကိုတင်းစွဲလမ်းလာနိုင်ချေ ရှိနေတာဖြစ်ပါတယ်။

 

ထိုနေရာရဲ့ ညာဘက်ခြင်းဟာလည်း ဆေးလိပ်သောက်သူတွေမှာ လျော့နည်းလာကာ နီကိုတင်းစွဲလမ်းလာစေပါတယ်။

 

ထိုကနေ ဆေးလိပ်သောက်ခြင်းကို ထိန်းချုပ်ရန် ခက်ခဲလာကာ သာယာမှုကိုရှာဖွေခြင်း၊ စီမံခန့်ခွဲခြင်းတို့မှာ သက်ရောက်လာပါတယ်။

 

ဒါ့အပြင် ဆေးခြောက်သောက်ခြင်း၊ အခြားမူးယစ်ဆေးအသုံးပြုခြင်းတို့နဲ့လည်း ဆက်စပ်နေကာ အန္တရာယ်များတဲ့ အပြုအမူတွေ မြင်တွေ့လာရနိုင်ပါတယ်။

 

လေ့လာမှုကနေ ထွက်ပေါ်လာတဲ့ဖြစ်စဉ်ဟာ နီကိုတင်းစတင်စွဲလမ်းခြင်းနဲ့ ရေရှည်စွဲလမ်းနေခြင်းကို ဖော်ပြနေပါတယ်။

 

ကမ္ဘာပေါ်မှာ ဆေးလိပ်နဲ့ပတ်သက်တဲ့ အသက်သေဆုံးမှုတွေ နှစ်စဉ်မြင့်တက်နေတာကြောင့် အဆိုပါသုတေသနက ပြည်သူ့ကျန်းမာရေးအတွက် ထင်ရှားတဲ့သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

 

#World_Health #ဆေးလိပ်သောက်သုံးသူ #ဆယ်ကျော်သက်များ
Source: WION