#World_Health
Published 18 August 2023


အမေရိကန်မှ သာမန်အသက်အရွယ် လူတွေဟာ ဆိုရှယ်မီဒီယာတွေကို နေ့စဉ် ၂ နာရီခွဲခန့်နီးပါး အသုံးပြုနေကြပြီး ဆယ်ကျော်သက်တွေမှာ ဒီထက်နှစ်ဆကျော် ပိုများကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

လူအတော်များများ ဆိုရှယ်မီဒီယာအပေါ် မှီခိုလာခြင်းဟာ စွဲလမ်းမှုတစ်ခုဖြစ်လာကြောင်း မီချီဂန် ဒက်ထရွိုက်ရှိ စိတ်ကျန်းမာရေးပညာရှင် 'လင်ဆေးအိုဘာလိတ်နာ'က Fox News Digital ကို ပြောကြားခဲ့ပါတယ်။

 

Reddit ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးဆိုရင် ဖုန်းကို အလွန်အမင်းစွဲလမ်းနေပြီး တစ်နေ့ကို ၅ နာရီလောက် သုံးစွဲကြောင်း၊ ဦးနှောက်ထဲမှာ ဆိုးဆိုးရွားရွား ပူပန်သောကများနေရပြီး အတွေးလွန်နေရကြောင်း ဖော်ပြခဲ့ပါတယ်။

 

ဒီလိုစွဲလမ်းတာနဲ့ ပတ်သက်ပြီး အစိုးရိမ်ရဆုံးက ဆိုရှယ်မီဒီယာ အလွန်အကျွံသုံးစွဲခြင်းကြောင့် နေ့စဉ်လှုပ်ရှားလုပ်ကိုင်ချက်တွေမှာ ထိခိုက်လာတာပဲ ဖြစ်ပါတယ်။

 

ဆိုရှယ်မီဒီယာကို အသုံးမပြုရရင် ထိုလူဟာ စိတ်ပျက်စရာ အနေအထားဖြစ်လာပြီး မကောင်းတာသိပေမယ့် မသုံးဘဲ မနေနိုင်တော့ကြောင်း ဆိုပါတယ်။

 

တစ်ဦးတစ်ယောက်က ဆိုရှယ်မီဒီယာသုံးစွဲနေတာကို မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေဘက်က စိတ်ပျက်စရာဖြစ်လာပြီး ရင်းနှီးမှုကို တင်းမာစေနိုင်ပါတယ်။

 

စွဲလမ်းမှုလက္ခဏာတွေထဲမှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလျော့နည်းခြင်း၊ လူမှုဆက်ဆံရေး ဆိုးကျိုးများ၊ စိတ်ဓာတ်ကျခြင်း၊ ပူပန်သောကရောက်ခြင်းတို့ ကြုံလာရနိုင်ပါတယ်။

 

အလွန်အကျွံသုံးစွဲမိခြင်းက အထူးသဖြင့် ငယ်ရွယ်သူများအတွက် ဆိုးကျိုးဖြစ်စေနိုင်ကာ ဘေးအန္တရာယ်များကို နားမလည်တတ်ကြတာကြောင့် စွဲလမ်းမှုကို ဖြတ်တောက်ဖို့ ပိုမိုခက်ခဲစေပါတယ်။

 

စိုးရိမ်ပူပန်ခြင်းနဲ့ အထီးကျန်ခြင်းတို့က ဆိုရှယ်မီဒီယာ ပိုမိုအသုံးပြုဖို့ အားပေးနေသလို ဖြစ်နေပါတယ်။

 

စွဲလမ်းခြင်းမဖြစ်စေရန် နည်းလမ်းတစ်ခုက သုံးစွဲချိန်ကို အချိန်သတ်မှတ်ဖို့ဖြစ်ပါတယ်။

 

တစ်ရက်၊ တစ်ပတ်၊ တစ်လစသဖြင့် ဖြည်းဖြည်းချင်း လျှော့သုံးသွားနိုင်ပါတယ်။

 

လုံးဝရပ်တန့်ဖို့ဆိုရင်တော့ ကွန်ပျူတာတွေ၊ ဖုန်းတွေကို သိမ်းထားသင့်ပြီး ဆိုရှယ်မီဒီယာအက်ပ်တွေကို ဖျက်ထားဖို့ပဲ ဖြစ်ပါတယ်။

 

ပြန်လည်သုံးစွဲချင်တယ်ဆိုရင်လည်း တစ်နေ့အတွင်း အချိန်ဘယ်လောက်အသုံးပြုမလဲဆိုတာကို သတ်မှတ်ထားသင့်ပါတယ်။

 

ဘေးအန္တရာယ်များရှိသလို ကောင်းကျိုးတွေလည်း ရှိနေပါသေးတယ်။

 

ဆိုရှယ်မီဒီယာကနေ ဝါသနာတူ အပေါင်းအသင်းတွေ ရနိုင်တာကြောင့် အထီးကျန်ခြင်းကို သက်သာစေနိုင်ပါတယ်။

 

အလွန်ဝေးကွာတဲ့အရပ်ကနေလည်း ဆက်သွယ်ချင်တဲ့လူကို ချက်ချင်းပြောဆိုနိုင်ပါတယ်။

 

#World_Health #စွဲလမ်းမှုတစ်မျိုး #ဆိုရှယ်မီဒီယာအလွန်အကျွံသုံးစွဲခြင်း
Source: NY Post