#World_Health
Published 18 August 2023


နွေရာသီရောက်တဲ့အခါ အရသာရှိပြီး လူကြိုက်များတဲ့ အသီးတွေထဲမှာ သခွားမွှေးသီးလည်း ပါဝင်ပါတယ်။

 

အရည်လည်းရွှမ်းပြီး ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိပါတယ်။

 

သခွားသီး၊ ဖရဲသီး၊ ဖရုံသီး၊ တို့နဲ့ မျိုးနွယ်တူပြီး အရောင်နဲ့ ပုံစံကွဲပြားကာ ကမ္ဘာတဝှမ်းမှာ အမျိုးအစားအမျိုးမျိုးဖြင့် ရှိကြပါတယ်။

 

ရေပမာဏ ၉၀ ရာခိုင်နှုန်းပါဝင်ကာ အဆီဓာတ်နဲ့ ပရိုတိန်းဓာတ်တို့ မပါဝင်ဘဲ သခွားမွှေးသီး ၁၀၀ ဂရမ်မှာ ၃၅ ကီလိုကယ်လိုရီ ဖြည့်တင်းပေးပါတယ်။

 

ဆိုဒီယမ် နည်းပါးကာ ဗိုက်တာမင်-အေ၊ စီ၊ ဖောလစ်အက်ဆစ်၊ ဗိုက်တာမင်-ဘီအမျိုးမျိုး လည်း ပါဝင်ပါတယ်။

 

ဒါ့အပြင် ပိုတက်ဆီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။


သခွားမွှေးသီးရဲ့ အာဟာရအကျိုးကျေးဇူးတွေထဲမှာ..

 

- ရေဓာတ်ဖြည့်ပေးခြင်း

 

ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ပါဝင်ပြီး ရေဓာတ်ထိန်းညှိပေးကာာ ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ပေးပါတယ်။

 

- ဗိုက်တာမင် ကြွယ်ဝခြင်း

 

ဗိုက်တာမင်-စီ၊ အေ၊ ဘီတို့ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ အရေပြား ဆံကေသာ ကောင်းမွန်စေခြင်း၊ မျက်လုံး ဦးနှောက်လုပ်ဆောင်ချက်များ မြှင့်တင်ပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။

 

- အမျှင်ဓာတ်ပေါများခြင်း

 

သခွားမွှေးသီး ပုံမှန်စားသုံးခြင်းဖြင့် အစာကြေစေကာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

 

- ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်း

 

ဘီတာကယ်ရိုတင်းနဲ့ ဗိုက်တာမင်-စီတို့ ကြွယ်ဝတာကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါတို့လို နာတာရှည်ရောဂါများ ကင်းဝေးစေပါတယ်။

 

- ကိုယ်အလေးချိန် ထိန်းသိမ်းပေးခြင်း

 

ကယ်လိုရီနဲ့ အဆီဓာတ်ပါဝင်မှု နည်းပါးတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေပါတယ်။


#World_Health #သခွားမွှေးသီးစားသုံးခြင်း #ကျန်းမာရေးအကျိုးကျေးဇူးများ
Source: The Jerusalem Post