#World_News
Published 17 August 2023


လန်ဒန်ရှိ ဗြိတိသျှပြတိုက်မှာ ပစ္စည်းများ ပျောက်ဆုံးသွားကြောင်း၊ အခိုးခံရကြောင်း၊ ပျက်စီးသွားကြောင်း သတင်းရရှိပြီးနောက် ဝန်ထမ်းတစ်ဦးကို အလုပ်ထုတ်ပယ်လိုက်ကာ ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

 

ထုတ်ပြန်ချက်အရ အခိုးခံရတဲ့ပစ္စည်းတွေထဲမှာ ဘီစီ ၁၅ ရာစုမှ အေဒီ ၁၉ ရာစုအတွင်းရှိ ရွှေ၊ လက်ဝတ်ရတနာများ၊ ဖန်ထည်များ၊ ကျောက်မျက်ရတနာများ ပါဝင်တယ်လို့ ပြတိုက်က ဆိုပါတယ်။

 

ပစ္စည်းတွေကို သိုလှောင်ရာအခန်းထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး မကြာသေးမီက လူအများရှေ့မှောက် ပြသထားခြင်း မရှိပါဘူး။

 

ပညာရေးနဲ့ သုတေသနလုပ်ငန်းများအတွက် အဓိက ထိန်းသိမ်းထားတာဖြစ်ပါတယ်။


"ဒါဟာ အတော်ကို ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး ပစ္စည်းအားလုံးကို အထူးဂရုစိုက် ထိန်းသိမ်းဖို့ မှာကြားထားပါတယ်" လို့ ပြတိုက်ညွှန်ကြားရေးမှူး 'ဟာ့တ်ဝစ်ဖစ်ရှာ'က ပြောပြခဲ့ပါတယ်။


ပြတိုက်ဘက်က ပြင်ပသုံးသပ်မှုကို စတင်လုပ်ဆောင်နေပြီး စုံစမ်းစစ်ဆေးဖို့အတွက် မြို့တော်ရဲတပ်ဖွဲ့ စီးပွားရေးမှုခင်း ကွပ်ကဲမှုဌာနချုပ်ကို တိုင်ကြားထားပါတယ်။

 

ခိုးယူသူတွေက ပြတိုက်ကို ပစ်မှတ်ထားခဲ့ပြီး ဖြစ်ပျက်ခဲ့သမျှ အောက်ဆုံးကနေစပြီး သင်ခန်းစာယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း၊ မြို့တော်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်း ဘုတ်အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

 

ဒီသတင်းကြားပြီးနောက် အင်တာနက်သုံးစွဲသူတွေကြား ပြောစရာဖြစ်လာပါတယ်။

 

အချို့ကတော့ ဒီပြတိုက်ရဲ့သမိုင်းကြောင်းကို ပြောပြကာ ထေ့ငေါ့စရာဖြစ်နေပြီး အချို့ကတော့ စာနာဂရုဏာသက်နေကြပါတယ်။

 

"ဗြိတိသျှပြတိုက်အနေနဲ့ ဒီပစ္စည်းအားလုံးကို ဘယ်လိုရလာလဲဆိုတာ ရှင်းပြပေးပါ.. ဝဋ်ဆိုတာ ချက်ချင်းလည်တတ်တယ်" စသဖြင့် ပြောဆိုနေကြပါတယ်။

 

အချို့ဆိုရင် ပြတိုက်ဟာ ဒီပစ္စည်းတွေကို ပိုင်ရှင်အစစ်အမှန်ဆီ ပြန်ပေးဖို့ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

 

ဗြိတိသျှပြတိုက်ဟာ သမိုင်းကြောင်းမလှပေမယ့် ဗြိတိန်မှာ ခရီးသွားဧည့်သည်များ အများဆုံးလာကြတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

 

၁၇၅၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ကာ နှစ်စဉ် လာရောက်ကြည့်ရှုသူပေါင်း ၆ သန်းကျော်ရှိပါတယ်။



#World_News #ဗြိတိသျှပြတိုက် #ရှေးဟောင်းပစ္စည်းအများအပြားပျောက်ဆုံး
Source: WION