#World_Science
Published 17 August 2023


ပါကင်ဆန်ရောဂါနဲ့ ဆက်စပ်နေတဲ့ လှုပ်ရှားမှုလက္ခဏာများ ပတ်သက်နေတဲ့ ပါကင်ဆိုနစ်ဆင်နဲ့ ဆက်စပ်ရောဂါတွေကို ၁၉၂၀ ကတည်းက လက်ဝှေ့သမားတွေမှာ တွေ့ရှိခဲ့ဖူးတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

 

အမေရိကန်ဘောလုံးမှာ ဦးခေါင်းအကြိမ်ကြိမ် ထိခိုက်မှုများကြောင့် နာတာရှည် ဦးနှောက်အာရုံကြောဆိုင်ရာရောဂါ (CTE)လိုမျိုး အာရုံကြောနဲ့ ပတ်သက်တဲ့ အကျိုးဆက်များ ရှိလာနိုင်ကြောင်း အခုအချိန်မှာ တွေ့ရှိလာပါတယ်။


ဒါပေမဲ့ ဘောလုံးနဲ့ ပါကင်ဆန်ရောဂါတို့ကြား ဆက်စပ်မှုကိုတော့ မတွေ့ရှိခဲ့ပါဘူး။

 

ဘော့စ်တွန်တက္ကသိုလ်မှ CTE စင်တာရှိ သုတေသီများက ဘောလုံးကစားခြင်းနဲ့ ပါကင်ဆန်ရောဂါ ဖြစ်နိုင်ချေတို့ကြား ပတ်သက်မှုကို လေ့လာရန်အတွက် အွန်လိုင်းမှ တစ်ဦးချင်းစီရဲ့ အချက်အလက်များ အသုံးပြုခဲ့ပါတယ်။

 

ထိုတွေ့ရှိချက်များအရ ဘောလုံးကစားဖူးတဲ့သူတွေမှာ ပါကင်ဆိုနစ်ဆန် ဒါမှမဟုတ် ပါကင်ဆန်ရောဂါ ဖြစ်နိုင်ချေ ၆၁ ရာခိုင်နှုန်းပိုများကြောင်း သိရှိရပါတယ်။

 

ပါကင်ဆန်သုတေသန လုပ်ငန်းအတွက် The Michael J. Fox ဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးကာ ပါကင်ဆန်ရောဂါ ရှိသူတွေရော မရှိသူတွေပါ စမ်းသပ်လေ့လာခဲ့ပါတယ်။

 

အချက်အလက်များအရ ကစားသမားဘဝ ပိုမိုကြာရှည်သူများနဲ့ အဆင့်မြင့်တန်းတွေမှာ ယှဉ်ပြိုင်ရသူတွေဟာ ပါကင်ဆိုနစ်ဆင် သို့မဟုတ် ပါကင်ဆန်ရောဂါ ဖြစ်နိုင်ချေပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ငယ်စဉ်ဘဝ အထက်တန်းကျောင်းသားဘဝကသာ ကစားသူများထက်စာရင် အဆင့်မြင့်တန်းတွေမှာ ကစားတဲ့သူတွေက ပါကင်ဆန်ရောဂါ ဖြစ်နိုင်ချေ ၂.၉၃ ဆ ပိုများလာပါတယ်။

 

အဆိုပါရောဂါလက္ခဏာ ဖြစ်နိုင်ချေက ဘောလုံးအားကစား စတင်ပြုလုပ်တဲ့ အသက်အရွယ်နဲ့ မပတ်သက်တာကိုတော့ တွေ့ရှိထားပါတယ်။

 

သုတေသီတွေက ခွန်အားအသုံးပြုရခြင်းကို ဖော်ပြလိုက်ကာ ဘောလုံးသမားတွေကို အခြားအားကစားသမားတွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။

 

ဒါ့အပြင် ဒီလေ့လာမှုတွေက အဆင့်မြင့်တန်း အားကစားသမားတွေထက် အပျော်တမ်းကစားသူအများစုကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

 

#World_Science #ဘောလုံးကစားခြင်း #ပါကင်ဆန်ရောဂါ
Source: WION