#World_Health
Published 17 August 2023

အစားအစာထုပ်ပိုးမှုနဲ့ သုတ်ဆေးများမှာ တွေ့ရတတ်တဲ့ မိုက်ခရိုပလတ်စတစ်များကို လူသားနှလုံးထဲမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။

 

နှလုံးသွေးကြောခွဲစိတ်မှု ပြုလုပ်ခဲ့တဲ့ လူနာ ၁၅ ယောက်ရဲ့ နှလုံးပြဿနာကို တရုတ်ပြည် ပေကျင်းအန်ကျန်ဆေးရုံမှ သိပ္ပံပညာရှင်များအဖွဲ့က လေ့လာဆန်းစစ်ခဲ့ကာ သတိထားစရာ ဖြစ်လာခဲ့ကြောင်း အမေရိကန်ဓာတုဗေဒ အဖွဲ့အစည်းမှ ဖော်ပြခဲ့ပါတယ်။

 

၅ မီလီမီတာအများဆုံး ရှိတတ်တဲ့ မိုက်ခရိုပလတ်စတစ်တွေဟာ ပါးစပ် နှာခေါင်း အခြားခန္ဓာကိုယ်အပေါက်တွေကနေတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာနိုင်ပါတယ်။

 

ဒေါက်တာ'ကွန်ဟွာ'၊ 'ရှုဘင်ယန်'နဲ့အဖွဲ့က ဒီအမှုန်တွေဟာ နှလုံးသွေးကြောစနစ်ထဲကို တိုက်ရိုက်ထိတွေ့ခြင်းကနေတဆင့် ဒါမှမဟုတ် သွယ်ဝိုက်ခြင်းကနေတဆင့် ဝင်ရောက်တာလားဆိုတာကို လေ့လာချင်ခဲ့ပါတယ်။

 

သုတေသီတွေက လူနာတွေရဲ့ နှလုံးတစ်ရှူးတွေအပြင် စမ်းသပ်ပါဝင်သူတဝက်ခန့်ထံမှ သွေးနမူနာများပါ စုဆောင်းခွဲခြမ်းခဲ့ကြပါတယ်။

 

ထိုတစ်ရှူးအများစုမှာ မိုက်ခရိုပလတ်စတစ် အပိုင်းအစ သောင်းချီပြီး တွေ့ရှိခဲ့ကြကာ သွေးနမူနာအားလုံးမှာ ပလတ်စတစ်နမူနာများ တွေ့ရှိခဲ့ပါတယ်။

 

နှလုံးတစ်ရှူး ၅ မျိုးထဲမှာ ပလတ်စတစ် ၉ မျိုးတွေ့ရှိခဲ့ပြီး အချို့မိုက်ခရိုပလတ်စတစ်များကို ခွဲစိတ်မှုအတွင်း လူနာများထံမှာ အမှတ်မထင် တွေ့ရှိခဲ့ကြောင်း အထောက်အထား တွေ့ရှိထားပါတယ်။

 

နှလုံးရဲ့ မတူညီတဲ့ အစိတ်အပိုင်း ၃ ခုမှာ တွေ့ရတဲ့ ပလတ်စတစ်တွေဟာ ဖန်အစားထိုး ကွဲအက်ခြင်းကိုခံနိုင်ရည်ရှိတဲ့ ပလတ်စတစ်အဖြစ် အသုံးပြုလေ့ရှိပါတယ်။

 

ဒီအမှုန်တွေဟာ ခွဲစိတ်မှုအတွင်း မတော်တဆထိတွေ့မိခြင်းကြောင့် မဖြစ်နိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။

 

ပိုလီအီသိုင်လင်း တယ်ရပ်သာလိတ်ကို အဝတ်အထည်နဲ့ စားစရာဗူးခွက်တွေမှာ အသုံးပြုကြပြီး ပိုလီဗီနိုင်းလ်ကလိုရိုက်ကိုတော့ ပြတင်းပေါက်ဘောင်တွေ၊ ရေဆင်းပိုက်တွေ၊ သုတ်ဆေးတွေမှာ အသုံးပြုကြပါတယ်။

 

ပြီးခဲ့တဲ့နှစ်က လေ့လာချက်တစ်ခုမှာ လူသားတွေဟာ အပတ်စဉ် ပလတ်စတစ်အမှုန် ၅ ဂရမ်ခန့် စားသုံးမိနေကြောင်း တွေ့ရှိရပါတယ်။

 

ထိုအမှုန်တွေဟာ စားစရာထုပ်ပိုးမှုများ၊ ပင်လယ်ရေ၊ ပင်လယ်စာ၊ သောက်သုံးရေတို့မှတဆင့် လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကြကြောင်း ဗီယင်နာဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

 

မိုက်ခရိုပလတ်စတစ်ကြောင့် အစာအိမ်အူလမ်းကြောင်းမှာ အပြောင်းအလဲများဖြစ်ပေါ်ကာ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နာတာရှည်အသည်းရောဂါတို့ ဖြစ်နိုင်ချေနဲ့ ဆက်စပ်နေပါတယ်။

 

#World_Health #မိုက်ခရိုပလတ်စတစ်အမှုန် #ပထမဆုံးအနေဖြင့်တွေ့ရှိ
Source: NY Post