၁၇ ဩဂုတ် ၂၀၂၃

ဘရစ်နေစပီးယားနှင့် ဆမ်အက်ဂါရီတို့သည် ၁၄လသာ လက်ထပ်ခဲ့ပြီးနောက် တစ်ဦးနှင့်တစ်ဦးကွာပြဲကြတော့မည် ဖြစ်ကြောင်း  တီအမ်ဇက် မဂ္ဂဇင်းကသတင်းရေးသားဖော်ပြပါတယ်။ ပီးပဲလ်မဂ္ဂဇင်းကြီးကလည်း များစွာသော အရင်းအမြစ်တွေကို ကိုးကားပြီး သူတို့နှစ်ဦးကွဲကွာသွားကြသည်မှာ သေချာကြောင်း အတည်ပြုပေးခဲ့ပါတယ်။

အသက် (၄၁)နှစ်အရွယ်ရှိ ပြဿနာအဆိုတော်ဟာ အသက်၂၉နှစ်အရွယ် အက်ဂါရီနှင့် ဩဂုတ် ၁၆ရက်ညကစပြီး သီးခြားခွဲနေကြမည်ဟု အဆိုတော်က ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ သူ့အပေါ်သစ္စာမရှိဘူးလို့ ဖူးသစ်စ မင်းသား အက်ဂါရီက ကောလာဟလတွေနှင့်ပတ်သက်လို့ သူမနှင့် အတိုက်အခံဖြစ်နေခဲ့ပါတယ်။

သူတို့နှစ်ဦးကွာပြဲသွားကြတာကို တိုက်ရိုက်သိတဲ့  သတင်းအရင်းအမြစ်က တီအမ်ဇက်ကို ပြောကြားရာမှာ အက်ဂါရီဟာ သူတို့ရဲ့အိမ်ဂေဟာကနေ ပြောင်းရွှေ့သွားပြီလို့ပြောပါတယ်။ “ဆမ်ဟာ ကွာရှင်းပြတ်စဲလိမ့်မယ်။ ဘယ်အချိန်ဆိုတာပဲ” လို့ အဆိုပါအရင်းအမြစ်က ပြောပါတယ်။

လိမ်လည်လှည့်စားတယ်ဆိုပြီးစွပ်စွဲကာ သူတို့နှစ်ဦး အကြီးအကျယ်စကားများကြပြီးနောက် အကွဲအပြဲကိစ္စပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

စပီးယားမှာ ဒုတိယအိမ်ထောင် အသက် ၄၅နှစ်အရွယ် ကေဗင်ဖီဒါလိုင်းနှင့်ရခဲ့တဲ့ အသက် ၁၇နှစ်အရွယ် ရှောင်ပရက်စတန်နှင့် အသက်၁၆နှစ်အရွယ် ဂျေဒန်ဂျိမ်းစ် သားနှစ်ဦးရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇွန်လ ၉ရက်နေ့က သူမဟာ အက်ဂါရီနှင့် လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Source: ChannelNewsAsia