#World_Health
Published 7 August 2023


ဒိုကိုဆာဟက်ဆဲနွိုက်အက်ဆစ် (DHA)လို့ခေါ်တဲ့ အိုမီဂါ-၃ဖက်တီးအက်ဆစ်ရဲ့ သွေးထဲရှိပမာဏနဲ့ အကြားအာရုံပြဿနာများကြား ဆက်စပ်နေပုံကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

 

နောက်ဆုံးသုတေသနပြုချက်အရ DHA ပမာဏမြင့်မားတဲ့ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေဟာ DHA နည်းပါးတဲ့သူတွေနဲ့ယှဉ်ရင် အကြားအာရုံပြဿနာများ ကြုံတွေ့ရနိုင်ချေ ၈-၂၀ ရာခိုင်နှုန်း လျော့နည်းနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

 

DHA ပမာဏများခြင်းကြောင့် နှလုံးရောဂါ၊ မှတ်ဉာဏ်ကျဆင်းခြင်း၊ အသက်သေဆုံးနိုင်ချေတို့ကိုပင် လျော့ကျစေနိုင်ကြောင်း ဆက်စပ်တွေ့ရှိထားပါတယ်။

 

ဗြိတိန်ဘိုင်အိုဘဏ်မှ အချက်အလက်များရယူကာ ဗြိတိန်ရှိ အသက် ၄၀ မှ ၆၉ နှစ်ကြား လူပေါင်း ၁ သိန်းကျော်ရဲ့ DHA ပမာဏနဲ့ အကြားအာရုံအခြေအနေတို့ကို ခွဲခြိမ်းစိတ်ဖြာခဲ့ပါတယ်။

 

DHA က အကြားအာရုံဆိုင်ရာလုပ်ဆောင်မှုကို ကောင်းစွာထိန်းသိမ်းပေးခြင်း ဒါမှမဟုတ် DHA မလုံလောက်ခြင်းကြောင့် အကြားအာရုံဆုံးရှုံးတာမျိုး ဖြစ်စေတတ်ပါတယ်။

 

ထိုတွေ့ရှိချက်တွေက အိုမီဂါ-၃ဖက်တီးအက်ဆစ်တွေရဲ့ အရေးကြီးပုံကို ဖော်ပြကာ အထူးသဖြင့် DHA က ကျန်းမာရေးထိန်းသိမ်းရေးနဲ့ မလွဲမရှောင်သာ အိုမင်းခြင်းကို ကာကွယ်ရေးတို့မှာ အရေးကြီးပုံကို ဖော်ပြနေပါတယ်။

 

အိုမီဂါ-၃က နားအတွင်းပိုင်းဆဲလ်တွေကို ဆူညံသံများ၊ ဓာတုပစ္စည်းများ၊ ရောဂါကူးစက်ခြင်းတို့ကြောင့် ရောင်ရမ်းတုန့်ပြန်ခြင်း၊ ထိခိုက်ခြင်းတို့မှ ကာကွယ်ပေးတယ်လို့ သိပ္ပံပညာရှင်များ ခန့်မှန်းထားကြပါတယ်။

 

ပင်လယ်စာများ ပုံမှန်စားသုံးခြင်း၊ အစားအသောက် ဖြည့်စွက်စာများ ထည့်သွင်းခြင်းဖြင့် DHA တိုးပွားစေနိုင်ပါတယ်။

 

#World_Health #အိုမီဂါ - ၃ဖက်တီးအက်ဆစ်
Source: India Today